တောင်ကိုရီးယားမင်းသမီး Park Min Young ဟာ လက်ရှိမှာ တွဲနေတဲ့သူမရှိသေးတဲ့ Single တစ်ယောက်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ မီဒီယာတွေက Park Min Young ကို ချိန်းတွေ့နေတယ် ဆိုတဲ့သတင်းတွေ မကြာခဏဖြန့်လေ့ရှိပေမယ့် Park Min Young ကတော့ ဘယ်သူနဲ့မှ တွဲနေတဲ့သူမဟုတ်တဲ့အကြောင်း ပြန်လည်ပြောကြားထားပါတယ်။

Google

Park Seo Joon နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေတာနဲ့ပတ်သတ်ပြီးတော့လည်း Park Min Young က မဟုတ်တဲ့အကြောင်း ငြင်းထားပါတယ်။ Park Min Young နဲ့ Park Seo Joon တို့ဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ What’s Wrong with Secretary Kim ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်လမ်းတွဲအောင်မြင်မှုရခဲ့တာနဲ့ တစ်ပြိုင်နက် သရုပ်ဆောင် ၂ ဦး တွဲနေကြတာ ၄ နှစ်ရှိနေပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။

Google

ဒီကိစ္စနဲ့ပတ်သတ်ပြီး Park Min Young က အင်တာဗျူးမှာ သူမနဲ့ Park Seo Joon တွဲနေတယ်ဆိုတဲ့ သတင်းကို ငြင်းခဲ့ပါတယ်။ သူမက ဇာတ်လမ်းထဲမှာ Park Seo Joon နဲ့ လိုက်ဖက်မှုရှိအောင် ကြိုးစားသရုပ်ဆောင်ခဲ့တာမှန်ပေမယ့် လက်တွေ့ဘဝမှာ သူမနဲ့ Park Seo Joon နဲ့က ရိုးရိုး လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်တယ်လို့ Park Min Young က ဆိုပါတယ်။ ဒါကြောင့် Park Min Young က သတင်းမှားတွေ ပြန့်နှံ့နေမှု ရပ်သွားဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။

Google

Park Min Young က သူမ ချိန်းတွေ့ခဲ့ဖူးတာ မှန်ပေမယ့် အဲဒီလူက Park Seo Joon မဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ Park Seo Joon နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေတာနဲ့ ပတ်သတ်ပြီးတော့လည်း Park Min Young က အရမ်း ပင်ပန်းနေပြီဖြစ်ကြောင်း သတင်းတွေကို ပြန်လည်ဖြေရှင်းဖို့ အားမရှိတော့သလို နားလည်မှုလွဲနေကြတာကိုလည်း စိတ်ပျက်တဲ့အကြောင်း ထပ်ဆောင်းပြောထားပါသေးတယ်။

Google

ဒါ့အပြင် သူမနဲ့ Park Seo Joon နဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားတူနေတဲ့ကိစ္စကလည်း တမင်ကြီးတူနေတာမဟုတ်ဘဲ မရည်ရွယ်ဘဲ တူနေတာဖြစ်တယ်လို့ ဆိုပါတယ်။ မဟုတ်တဲ့ သတင်းတွေကို အဟုတ်လုပ်ပြီး အမြဲတမ်းစောင့်ကြည့်နေတဲ့သူတွေကြောင့် စိတ်ထိခိုက်ရပြီး ဒေါသဖြစ်စေတယ်လို့ Park Min Young က ဆိုထားပါသေးတယ်။

Google

Park Min Young ကို ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူမအသက်က အခုဆိုရင် ၃၆ နှစ်ရှိသွားပြီပဲဖြစပါတယ်။ Park Min Young က လက်ရှိမှာ Song Kang နဲ့အတူ Forecasting Love and Weather ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။