ထိုင်ဝမ်နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘာဘီဆုဟာ သူမရဲ့ခင်ပွန်းဖြစ်သူ ဝမ်ရှောင်ဖေး နဲ့ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့ပြီး ၁၀ နှစ်ကျော်အကြာ ၂၀၂၁ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ ဘာဘီဆုမှာ စစ်ယွဲ့ဝမ်လို့ခေါ်တဲ့ ၇ နှစ်အရွယ် သမီးလေးနဲ့ ဝမ်စစ်လင်း လို့ခေါ်တဲ့ ၅ နှစ်အရွယ်  သားလေးတစ်ယောက်ရှိပါတယ်။ ကွာရှင်းပြီး ၁ နှစ်အကြာမှာတော့ ဘာဘီဆုက တောင်ကိုရီးယားလူမျိုး ပရိုဂျူဆာ ဒီဂျေ Koo နဲ့ လက်ထပ်တော့မယ်ဆိုပြီး တရားဝင်အသိပေးကြေညာလိုက်ပါတယ်။

Google

သမီးဖြစ်သူတောင်ကိုရီးယားလူမျိုးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကို ဘာဘီဆုရဲ့ အမေက မကြည်ဖြူခဲ့ပါဘူး။ ဒါ့အပြင် ပရိသတ်တွေကလည်း ဘာဘီဆုရဲ့ မင်္ဂလာသတင်းကို အံ့အားသင့်နေကြပါတယ်။ ဘာဘီဆုနဲ့ ဒီဂျေ Koo တို့က ၁၉၉၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ချိန်းတွေ့ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ နှစ်ဦးစလုံးက အချစ်ဦးတွေဖြစ်ကြပေမယ့် လက်မထပ်နိုင်ခဲ့ကြပါဘူး။ ဘာဘီဆု ကွာရှင်းပြီးတဲ့နောက်မှာ ဒီဂျေ Koo က ဘာဘီဆုကို နောက်တစ်ကြိမ် ထပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာဘီဆုကလည်း ပြန်ပြီးလက်ခံခဲ့ပါတယ်။

Google

သမီးဖြစ်သူ ဒုတိယအိမ်ထောင်ပြုမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး ဘာဘီဆုမိခင်ကတော့ သိပ်ပြီးမကြည်ဖြူခဲ့ပါဘူး။ ဘာဘီဆု မိခင်က သမီးဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့ပြီး သွေးတတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိတ်ပြန်လည်တည်ငြိမ်ဖို့ ဆေးတောင် သောက်ခဲ့ရတယ်လို့ သိရပါတယ်။ သားအမိနှစ်ယောက် စကားများထားတာကြောင့် လက်ရှိအချိန်အထိ မခေါ်ကြသေးဘူးလို့လည်း သိရပါတယ်။

Google

ဘာဘီဆုရဲ့ အမေကို သားမတ်လောင်းဖြစ်လာတော့မယ့် ကိုရီးယားလူမျိုး အကြောင်း မေးကြည့်တဲ့အချိန်မှာလည်း သူမမှာဘာမှပြောစရာမရှိကြောင်း ၊ ကိုရီးယားလူမျိုးနဲ့ပတ်သတ်ပြီး သူမကိုယ်တိုင်လည်း ဘာမှမသိကြောင်း သမီးဖြစ်သူလက်ထပ်မယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိတာကြောင့် ဘာမှမမေးသင့်ကြောင့် သူမအနေနဲ့ သမီးဖြစ်သူ ပျော်ရွှင်သ၍ အဆင်ပြေကြောင်း သမီးဖြစ်သူ ယူမယ့်သူဖြစ်ပြီး သူမ ယူမယ့်သူမဟုတ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

Google

လက်ထပ်မယ့်သူက လူမျိုးခြား ကိုရီးယားလူမျိုးဖြစ်တာကြောင့် ကိုရီးယားနိုင်ငံကို လိုက်သွားနိုင်မလားဆိုတဲ့မေးခွန်းကိုလည်း ဘာဘီဆု အမေက အခုလို ဖြေထားပါတယ်။

“မဟုတ်တာ .. မဖြစ်နိုင်ပါဘူး။ ဘာဘီဆုက ဒီလောက်ရူးမိုက်တဲ့အလုပ်လုပ်မှာမဟုတ်ဘူး။ သူလိုက်သွားရင် သူ့ကလေးတွေ ဘယ်သူထိန်းမှာလဲ”

Google

ဘာဘီဆုရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ မြန်ဆန်တဲ့ ဆုံးဖြတ်ချက်အပေါ် ဘဝင်မကျဖြစ်နေပြီး သမီးဖြစ်သူ တိုင်းတစ်ပါးကို ထွက်ခွာသွားမှာကိုလည်း စိုးရိမ်နေပုံရပါတယ်။

Google

ဘာဘီဆုရဲ့ အချစ်ဦးက ဒီဂျေ Koo ဖြစ်ပေမယ့် လက်မထပ်နိုင်ခဲ့ကြတာလဲ ဘာဘီဆုရဲ့ အမေကြောင့် ဖြစ်နိုင်ချေများတယ်လို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။ အင်တာဗျူးတွေမှာ ပြန်လည်ဖြေကြားချက်အရ လက်ရှိအချိန်ထိ ဘာဘီဆုအမေက သူမသမီးရဲ့ ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံထားခြင်း မရှိသေးပါဘူး။

Source - 8days.sg , Kbizoom

Image – Google , 8days.sg , Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။