တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Hyun Bin နဲ့ Soe Ye Jin တို့စုံတွဲ လေးဟာ မကြာခင် လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ Binjin စုံတွဲလေးဟာ လက်မထပ်ကြခင်မှာ မြန်မာလူမျိုးတွေ ပြုလုပ်သလို နှစ်ဦးသားနာမည်နဲ့ မင်္ဂလာ အလှူလေး ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာအလှူလေးကို တောင်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတမ်းမှာ အခုလကနေ စတင်လောင်ကျွမ်းနေတဲ့ တောမီး အတွက် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားနိုင်ငံ Gyeongsang မြောက်ပိုင်း စီရင်စုမှာရှိတဲ့ Uljn မြို့အနီးက တောင်ကိုရီးယား အရှေ့ကမ်းရိုးတန်းမှာ တောမီးတွေ များစွာလောင်ကျွမ်းနေတာ ဖြစ်ပါတယ်။ တောမီးများဟာ အဆက်အပျက်လောင်ကျွမ်းလျက်ရှိတာကြောင့် နီးစပ်ရာမြို့တွေအထိ ကူးစက်သွားဖို့ အခြေအနေရှိနေတာကြောင့် တောမီးအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ငွေသားတွေကို တောင်ကိုရီးယား အနုပညာရှင်တွေက လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ မကြာခင်လက်ထပ်ကြတော့မယ့် Binjin စုံတွဲလေးလည်း အပါအဝင်ပဲဖြစ်ပါတယ်။

Google
Google

Binjin စုံတွဲလေးက သူတို့ နှစ်ဦးသား နာမည်လေး နဲ့ လက်မထပ်ခင် မင်္ဂလာအကြို လှူဒါန်းမှုလေးအဖြစ် တောင်ကိုရီးယားဝမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်း) ကို လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းငွေတွေကို အရေးပေါ်ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ဒေသခံမီးသင့်ပြည်သူတွေ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူသွားမယ်လို့ သိရပါတယ်။

Google

Source - Soompi

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။