တောင်ကိုရီးယားရဲ့ နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ Kim Woo-bin နဲ့ Shin Min-ah တို့ဟာ အရမ်းကို ချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူ သက်တမ်းဟာလည်း ၇နှစ် ရှိနေပြီပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတိုင် တွဲလက်မဖြုတ်ဘဲ အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးကို အားကျနေကြတဲ့ သူတွေလည်း အများကြီးပါပဲ။ သူတို့နှစ်ဦး က tvN ရဲ့ ဇာတ်လမ်းဖြစ်တဲ့ “Our Blues” မှာလည်း အတူတွဲသရုပ်ဆောင်ထားကြပါတယ်။

Kbizoom

မကြာသေးမီက “Our Blues” ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေရဲ့ ဓာတ်ပုံတွေကို အတူစုပြီးရိုက်ကူးထားတဲ့ ပိုစတာလေး ထွက်ရှိလာပါတယ်။ ပိုစတာလေးထဲမှာ “Our Blues” ဇာတ်လမ်းထဲက ဇာတ်ကောင်လေးတွေဖြစ်တဲ့ Lee Byung-hun ၊ Shin Min-ah ၊ Cha Seung-won ၊ Lee Jung-eun ၊ Han Ji-min ၊ Kim Woo-bin ၊ Kim Hye-ja ၊ Ko Doo-sim နဲ့ Um Jung-hwa တို့အားလုံးတွဲပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

Kbizoom

“Our Blues” ဇာတ်လမ်းထဲမှာဆိုရင် သရုပ်ဆောင် ၁၄ ယောက်က မိသားစုဝင် ၊ အိမ်နီးနားချင်း ၊ သူငယ်ချင်း တွေ အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဂျယ်ဂျူးက ရွာထဲမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

Kbizoom

“Our Blues” ဇာတ်လမ်းထဲမှာ နာမည်ကြီးသရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ Woo-bin – Shin-min တို့စုံတွဲလေး ပါဝင်နေတာကြောင့်လည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှု ပိုပြီးရရှိနေပါတယ်။

Kbizoom

ရုပ်ရှင်ရိုက်ကွင်းထဲမှာလည်း Woo-bin နဲ့ Shin-min တို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ဓာတ်ပုံလေးတွေ အပြန်အလှန်ရိုက်ပေးနေကြပါတယ်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကို အားလုံးပဲကြည့်လို့ရအောင်ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။