Rocket League ဆိုတဲ့ဂိမ်းကိုတော့အားလုံးနီးပါးမဆော့ဖူးတောင်ကြားဖူးကြမှာပါ။ဘောလုံးကွင်းကျယ်ကြီးတစ်ခုထဲမှာ ကားတစ်စီးနဲ့ ဘောလုံးကြီးကိုတိုက်ပြီးဂိုးဝင်အောင်သွင်းရမဲ့ ဂိမ်းဖြစ်ပါတယ်။PC ပေါ်မှာကစားနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအတွက်လည်း Rocket League:Side Swipe ဆိုပြီးမိုဘိုင်းဗားရှင်းတစ်ခုရှိပါသေးတယ်။Rocket League ဟာခုဆို Season 6 ထိရှိနေပြီးဒီ Season ရဲ့ Rocket Pass မှာရုပ်ထွက်အရမ်းမိုက်တာတစ်ခုပါဝင်လာပါတယ်။

Photo via Psyonix

Rocket League ရဲ့ Developer ဖြစ်သူ Psyonix က Season 6 မှာပါဝင်လာမှာတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်ခုကို မတ်လ ၇ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။အခု Season မှာကာတွန်းပုံစံရုပ်ထွက်နဲ့ Rocket Pass စတင်ပါဝင်လာမှာဖြစ်ပြီး Nomad ဗန်ကားအသစ်၊Neo Tokyo (Comic) Varient Arena တို့အသစ်ပါဝင်လာမဲ့အပြင် ဘီးအသစ်တွေ၊Goal Explosion အသစ်တွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။Rocket Pass နဲ့လာတာဖြစ်တဲ့အတွက် ကာတွန်းရုပ်ထွက်နဲ့ဆော့ချင်ရင်တော့ Pass ဝယ်ရမှာပါ။Rocket Pass ကအမေရိကန်ဒေါ်လာ ၉.၉၉ လောက်တန်ဖိုးရှိတာမလို့ မြန်မာငွေ ၂၀၀၀၀ ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်။

Photo via Psyonix

Season 6 အတွက် Cinematic Trailer ကိုလည်းထုတ်ပေးထားပါတယ်။Trailer ထဲမှာကာတွန်းပုံရုပ်ထွက်ကို အသေးစိတ်မြင်ရမှာပါ။အရောင်စိုစိုနဲ့ 2D ပုံစံရုပ်ထွက်ကို လှလှပပလေးမြင်ရပါတယ်။လက်ရှိကစားနေသူတွေကိုသာမက တခြားကစားသမားအသစ်တွေကိုပါ ဆွဲဆောင်နိုင်မဲ့ရုပ်ထွက်လေးဖြစ်လာမှာပါ။

Photo via Psyonix

Rocket League ကိုကစားချင်တယ်ဆိုရင်တော့ Epic Store ပေါ်ကနေ အခမဲ့ဒေါင်းလုပ်ရယူကစားနိုင်ပါတယ်။Steam ပေါ်ကနေတော့ဒေါင်းလုပ်ရယူနိုင်မှာမဟုတ်တော့ပါဘူး။စကတည်းက Gameplay အရမ်းမိုက်လို့နာမည်ကြီးနေတဲ့ဂိမ်းကို ရုပ်ထွက်အလန်းစားတွေပါ ထပ်ထည့်လိုက်ချိန်မှာတော့ ဒီဂိမ်းဆီကစားသူအသစ်တွေ အများကြီးရောက်ရှိလာမှာအသေအချာပါပဲ။ချစ်စရာကောင်းတဲ့ရုပ်ထွက်နဲ့ Season 6 Cinematic Trailer ကိုလည်း‌အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Rocket League Season 6 Cinematic Trailer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။