Amouranth ဆိုတဲ့ ကောင်မလေးဟာ Twitch နှင့် OnlyFans များတွင် Post တင်ခြင်းထက် အောင်မြင်ကျော်ကြားသွားခဲ့ပါတယ်။ သူမရဲ့ နာမည်အရင်းကတော့ Kaitlyn Michelle Siragusa ပဲဖြစ်ပါတယ်။ သူမအောင်မြင်ရတဲ့ အကြောင်းကတော့ သူမရဲ့ သူမတူတဲ့ လုပ်ငန်းစဥ်‌ေတွကြောင့်ပါပဲ။

Complex ရဲ့ အဆိုအရ သူမဟာ သူမရဲ့ လေလည်ငွေ့တွေထည့်ထားတဲ့ဘူးကို အကန့်အသန့်ဖြစ် ရောင်းချမည်ဖြစ်ကြောင်း သူမလက်မှတ်ပါတဲ့ ရေပူဘူလေးကိုလည်း ရောင်းချမည်ဖြစ်ကြောင်း Twitter နဲ့ You Tube တို့မှာ ကြေညာခဲ့ပါတယ်။ ထိုအရာများကို စိတ်ပါဝင်စားသူများဟာ သူမရဲ့ Cutie Pa-TOOT-ies collection မှ Scent Jars များကို ဝယ်ယူနိုင်ပြီး တစ်ယောက်ကို $1,000 ဖြင့် အယောက် 1000 ကိုသာ ရောင်းချမှာဖြစ်ပါတယ်။ သူမရဲ့ဆံပင်ကြိုးတစ်ချောင်းနှင့် ပုလင်းပေါ်မှာ သူမရဲ့ လက်မှတ်လည်း ပါ၀င်ပါတယ်။

Amouranth ဟာ သူမရဲ့ “ရေပူဘူး” ကို ဒေါ်လာ ၃၀၀ ဖြင့် သူမလက်မှတ် ရေးထိုးထားတဲ့ အိုး ၃၀၀၀ ကိုလည်း ရောင်းချနေပါတယ်။ သူမဟာ တစ်ပတ်အတွင်း $50,000 နီးပါးရောင်းရငွေရရှိခဲ့တဲ့ "fartrepreneur" Stephanie Matto ရဲ့ ခြေရာအတိုင်း လျှောက်နေတာဖြစ်ပါတယ်။ သို့သော် 90 Day Fiancé ရဲ့ကြယ်ပွင့်ဖြစ်တဲ့ Matto ဟာ နောက်ပိုင်းတွင် ပြင်းထန်တဲ့ ဓာတ်ငွေ့ကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ ဒီဇင်ဘာလတွင် VICE မှထုတ်ဝေတဲ့ ဗီဒီယိုအပိုင်းတစ်ခုတွင် Amouranth ဟာ တစ်လလျှင် $1.5 million ရရှိသည်ဟု ဆိုထားပါတယ်။

သတင်းအရင်းမြစ်: Toronto Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။