ထိုင်းမင်းသမီးလေး Tangmo သေဆုံးတဲ့ အမှုဟာ ပရိသတ်တွေရဲ့ စိတ်ကို အများကြီး ထိခိုက်တုန်လှုပ်သွားစေခဲ့ပါတယ်။ Tangmo ဟာနာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စက်လှေပေါ်ကနေ ပြုတ်ကျ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ထိုင်းမင်းသမီး Tangmo အမှုနဲ့ ပတ်သတ်ပြီး ပရိသတ်တွေက ဒေါသပုန်ထကာ  လှေပေါ်မှာ အတူရှိခဲ့ကြသူတွေကို  သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့ သံသယဝင်ခဲ့ကြပါတယ်။ Tangmo ရဲ့ မိခင်က လျော်ကြေးငွေ ဘတ် သန်း ၃၀ ပေးရင်ကြေအေးပေးမယ်လို့ ဆိုခဲ့ပေမယ့် ပရိသတ်တွေကရော ထိုင်းရဲတပ်ဖွဲ့ဝင်တွေကရော လက်မခံနိုင် ဖြစ်ခဲ့ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့တွေကလည်း အမှုကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြရာမှာ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ တစ်ယောက်နဲ့တစ်ယောက် မတူတာကိုတွေ့ခဲ့ကြပါတယ်။

Google

 “မျက်မြင်သက်သေတစ်ယောက်စီက ပြောတာတွေ မတူကြဘူး။ အားလုံးထဲက အနည်းဆုံး တစ်ယောက်ကတော့ သေချာပေါက်လိမ်နေတာ။ ”

Google

လက်ရှိမှာရဲတပ်ဖွဲ့ဝင်တွေက လှေရဲ့ ဂျီပီအက်စ် နဲ့ telecommunications footprint တွေကို ရှာဖွေကြည့်ရှုနေကြပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ အခြား ထူးခြားချက်တစ်စုံတစ်ရာတော့ ရှာမတွေ့ကြသေးဘူးလို့သိရပါတယ်။ ဒါပေမယ့် မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် အမှန်တရာကို ဆက်လက်ပြီးတော့ ဖော်ထုတ်သွားမယ်လို့ ဆိုထားကြပါတယ်။

Google

အသက် ၃၇ နှစ်အရွယ် ထိုင်းမင်းသမီး Tangmo ဟာ သူငယ်ချင်း ၅ ယောက်အတူပါလာတဲ့ စက်လှေပေါ်ကနေ ပြုတ်ကျခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သူမရဲ့ အလောင်းကို ပြန်ရှာတွေ့ခဲ့ပါတယ်။  လက်ရှိမှာတော့ ထိုင်း ရဲတပ်ဖွဲ့ဝင်တွေက အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရှာဖွေမှုတွေကို လုပ်ဆောင်နေကြပါတယ်။

သတင်းအရင်းမြစ်: Bangkokpost

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။