PlayStation ရဲ့အအောင်မြင်ဆုံးဂိမ်းတွေထဲကတစ်ခုလို့ပြောနိုင်တဲ့ God of War ဂိမ်းစီးရီးကို တီဗွီဖန်သားပြင်ပေါ်မှာ ဇာတ်လမ်းအနေနဲ့ ကြည့်ရှူနိုင်တော့မှာဖြစ်ပါတယ်။Amazon Prime ဟာဂိမ်းကိုဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။

Photo via Digital Trends

အဆိုပါသတင်းကို နာမည်ကြီးဇာတ်လမ်းတွဲတွေကို ထုတ်လုပ်သူတွေနဲ့ Sony Picture Production,PlayStation Production တို့ဆီက‌နေကြားခဲ့ရတာလို့ Deadline သတင်းဌာနကထုတ်ပြန်ထားပါတယ်။Sony နဲ့ Amazon တို့ကပူးပေါင်းထုတ်လုပ်မှာဖြစ်နိုင်ပြီး နှစ်ဖက်စလုံးကတော့ ဘာမှထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒီဇာတ်လမ်းသာထွက်လာရင် ဂိမ်းတွေကိုပြန်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွေထဲမှာ အကြီးမားဆုံးဇာတ်လမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။တခြားနာမည်ကြီး PlayStation ဂိမ်းတွေကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေထဲမှာဆို Peacock ရဲ့ Twisted Metal,HBO Max ရဲ့  The Last of Us နဲ့ Netflix ကရိုက်ကူးနေတဲ့ Resident Evil ဇာတ်လမ်းတွဲတို့ရှိပါသေးတယ်။Paramount+ ကလည်း Halo ဇာတ်လမ်းတွဲကို စတင်ပြသတော့မှာပါ။အကုန်လုံးဟာ PlayStation ရဲ့နာမည်ကြီးဂိမ်းတွေကြီးပဲဖြစ်ပါတယ်။

All God of War Games (Photo via Reddit)

God of War ဟာ PlayStation လေးခုပေါ်မှာ ဂိမ်းပေါင်း ၇ ခုရှိပါတယ်။ပထမဆုံးတစ်ခုက PlayStation 2 ပေါ်မှာကစားနိုင်တဲ့ God of War ပါ။ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း ခရေးတိုးစ်တစ်ယောက်တည်း နတ်ဘုရားတွေအများကြီးကို လက်စားလိုက်ချေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။၂၀၁၈ ခုနှစ်က PlayStation 4 အတွက်ထုတ်ခဲ့တဲ့ဂိမ်းကတော့ ၂၀၁၈ ခုနှစ် Game Awards မှာတစ်နှစ်တာအကောင်းဆုံးဂိမ်းဆုကိုရရှိခဲ့ပါတယ်။God of War:Ragnorok ဆိုတဲ့ဆိုတဲ့ ၈ ခုမြောက်ဂိမ်းက ဒီနှစ်ထဲထွက်လာဖို့ရှိပြီး PS4 နဲ့ PS5 တို့ပေါ်မှာဆော့ကစားနိုင်မှာြဖစ်ပါတယ်။God of War ဇာတ်လမ်းနဲ့ပတ်သက်လို့ကတော့ ထွက်လာမယ်ဆိုတာကလွဲလို့ တခြားအသေးစိတ်မသိရသေးပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။