အားလုံးပဲ ငယ်ငယ်ကတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မိသားစု မုန့်ပုံးလေးအကြောင်းကို သိကြပါရဲ့လား။ မိသားစု မုန့်ပုံးမှာ လူတွေမသိသေးတဲ့ စိတ်ဝင်စားစရာ ဖြစ်ရပ်လေး ရှိနေပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခုပြောပြသွားပေးပါမယ်နော်။

အဲဒီဖြစ်ရပ်ကလေးကတော့ ဒုတိယကမ္ဘာစစ် ကြီးဖြစ်ပြီး ၂ နှစ်အကြာမှာ နာဇီလူမျိုးတွေက ဂျူးလူးမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခြင်း(Genocide) အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြုလုပ်ခဲ့ကြပါတယ်။

Google

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲမှာ မိသားစု မုန့်ပုံးထဲက ဂျူးလူမျိုးကလေးလေးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဂျူးလူမျိုးကလေးလေးက မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်ပြီး ဂျာမနီ Cottbus ဆိုတဲ့ မြို့လေးထဲက အိမ်ထဲမှာ တစ်ယောက်တည်းငိုနေခဲ့ပါတယ်။ ဂျူးလူမျိုးကလေးလေး ငိုနေတာကို တူရကီနွယ်ဖွား မိသားစုတစ်စုက တွေ့ရှိသွားပြီး သူတို့ သားလေးအဖြစ် လူသိရှင်ကြား အသိပေးကာ မွေးစားခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ စစ်ပွဲတွေ ပြီးဆုံးသွားတဲ့ အချိန် ၁၉၅၀ ပြည့်နှစ်လောက် မှာ အဲဒီမိသားစုကလေးကို ဓာတ်ပုံရိုက်ပြီး သတင်းထောက်တစ်ဦးက မှတ်တမ်းတင်ပေးခဲ့ပါတယ်။

Google

တူရကီနွယ်ဖွားမိသားစုရဲ့ လူမျိုးဘာသာမခွဲခြားဘဲ လူသားချင်း စာနာ ကူညီတတ်တဲ့ လေးစားစရာစိတ်ဓာတ်ဟာ ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားခဲ့ပြီး လူအများရဲ့ ချီးကျူးလေးစားမှုကို ခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ သူတို့ ပုံရိပ်နဲ့ မိသားစုဆိုတဲ့ အစားအသောက်ထုတ်ကုန်တစ်မျိုး ထုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ မိသားစု မုန့်ပုံးရဲ့ ဓာတ်ပုံလေးထဲမှာတွေ့ရတဲ့ မိသားစုလေးက တမင်တကူးတက ဓာတ်ပုံရိုက်ထားတဲ့ ပုံမျိုးမဟုတ်ဘဲ အပြင်မှာ လက်တွေ့ရှိခဲ့တဲ့ မိသားစုလေးတစ်စုရဲ့ ပုံလေးဖြစ်ပါတယ်။

Google

ပုံလေးထဲမှာ သမီးလေးရယ် ၊ သားလေးရယ် အမေနဲ့ အမေရယ် ၄ ယောက်ကိုတွေ့ရပြီး သမီးလေးက အလယ်မှာဖြစ်နေကာ သားလေးက အစွန်ဘက်ရောက်နေတဲ့ အကြောင်းအရင်းကလည်း အဲဒါကြောင့်ပဲဖြစ်ပါတယ်။ အားလုံးပဲ ကလေးဘဝကတည်းက စိတ်ဝင်တစား သိချင်ခဲ့ကြတဲ့ မိသားစုမုန့်ပုံးက မိသားစုဓာတ်ပုံလေးရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။