ရုရှားနိုင်ငံရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ကြောင့် ကမ္ဘာပေါ်ကလူအများအားလုံး စိတ်မသက်မသာ ဖြစ်ခဲ့ကြရပါတယ်။ လူအများက ယူကရိန်းနိုင်ငံအပေါ် စိုးရိမ်မှုတွေပြင်းထန်လာခဲ့ပြီး လှူဒါန်းမှုလေးတွေ ၊ ထောက်ပံ့မှုလေးတွေ ပြုလုပ်ပေးလျက်ရှိကြပါတယ်။ အဲဒီထဲမှာ တောင်ကိုရီးယားမင်းသမီး Han Ji Min လည်း အပါအဝင်ပဲဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Han Ji Min က ယူကရိန်းကလေးငယ်တွေကို ထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားဝမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၈ သောင်း ၁ ထောင်) ကို လှူဒါန်းပေးခဲ့ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Han Ji Min နဲ့ ပတ်သတ်ပြီး UNICEF က အလှူငွေတွေကို အခုလို အသုံးပြုသွားပေးမယ်ဆိုတဲ့ အကြောင်းပြောလာပါတယ်။

Google

“အလှူငွေတွေကို ယူကရိန်းနိုင်ငံက ကလေးတွေအတွက် အပြည့်အစုံသုံးသွားပါမယ်။ အထူးသဖြင့် သောက်သုံးရေ ၊ ပညာရေး ၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် ထည့်သွင်းအသုံးပြုပေးသွားမှာဖြစ်ပါတယ်။”

အလှူငွေကိစ္စနဲ့ ပတ်သတ်ပြီး Han Ji Min ကလည်း အခုလိုပြောလာပါတယ်။

Google

“ယူကရိန်းနိုင်င်သားတွေနဲ့ ကလေးတွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ ပြည်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ တတ်နိုင်သမျှ ကူညီပေးသွားချင်ပါတယ်။ သိပ်မကြာခင် အချိန်မှာ ယူကရိန်းကလေးငယ်တွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးပျော်ပြီး ကျောင်းတတ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

Google

ယူကရိန်းနိုင်ငံသားတွေအတွက်တော့ Han Ji Min ရဲ့ အလှူငွေလေးတွေက အများကြီးအထောက်အကူပြုစေနိုင်သလို ခွန်အားတွေလည်း ဖြစ်စေမှာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Han Ji Min ရဲ့ စေတနာ သဒ္ဒါတရားထက်သန်တဲ့ လှူဒါန်းမှုလေးကို သိရှိစေရန်ဝေမျှပေးရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။