တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် မကြာခင်လက်ထပ်တော့မယ့် ချစ်ဇနီးလောင်းလေးကို ဂရုတစိုက် အပြုအမူလေးတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းခံနေရတဲ့ သူဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့ ဟာဆိုရင် မတ်လ ၃၀ ရက်နေ့မှာ လက်ထပ်တော့မယ်လို့ သတင်းတွေထွက်ရှိထားတာဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲအခမ်းအနားကို အများကြီးမျှော်လင့်ထားကြတာဖြစ်ပါတယ်။

google

မကြာသေးမီက အင်တာဗျူးတစ်ခုမှာလည်း Hyun Bin က Son Ye Jin အတွက်ပြုလုပ်ပေးခဲ့တဲ့ ချစ်စရာအပြုအမူလေးကြောင့် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။ အစီအစဉ်တင်ဆက်သူက Hyun Bin ကို ဟင်းမကြာခဏချက်တတ်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ချက်တဲ့ ဟင်းအမျိုးအစား တွေကို မေးလိုက်တဲ့ အချိန်မှာ အခုလိုမျိုး ပြန်ဖြေခဲ့ပါတယ်။

“ဟုတ်ပါတယ် .. ကျွန်တော် သိပ်မကြာခင်က galbi-jjim (ကိုရီးယားနံရိုးဟင်း) ချက်ခဲ့ပါတယ်။ သူ့ကိုချက်ဖို့ အချိန်နည်းနည်းတော့ကြာပါတယ်။ အင်တာနက်ပေါ်က ချက်နည်းအတိုင်း ချက်ပြုတ်ခဲ့တာပါ”

google

ပုံမှန်အတိုင်းပြောရမယ်ဆိုရင် Hyun Bin က သူချစ်ရတဲ့သူတွေအတွက်သာ ချက်ပြုတ်ပေးလေ့ရှိတာဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သတ်ပြီး Hyun Bin က အင်တာဗျူးမှာ အခုလိုပြောခဲ့ပါတယ်။ “ကျွန်တော်က ကျွန်တော်ချစ်တဲ့သူတွေအတွက်ပဲ ချက်ပြုတ်ပေးလေ့ရှိတာပါ။ ကျွန်တော့်အနာဂတ်မှာလည်း အချိန်တွေအများကြီးရလာရင် ချက်နည်းပြုတ်နည်းအကြောင်း လေ့ကျင့်သွားမှာပါ။”

google

အဆိုပါအင်တာဗျူး ပြီးတဲ့နောက်မှာ ပရိသတ်တွေက Hyun Bin ဒီဟင်းတွေကို ဘယ်သူ့အတွက် ချက်ပြုတ်ပေးခဲ့တာလဲဆိုပြီး သုံးသပ်ခဲ့တဲ့နောက်မှာ သူ့ရဲ့ ချစ်ဇနီးလောင်းလေးနဲ့ ချက်ပြုတ်ခဲ့တယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ Hyun Bin က နံရိုဟင်း ချက်နည်းကိုမသိဘဲ တကူးတက အင်တာနက်ပေါ်က ရှာပြီးချက်ပြုတ်ခဲ့တာပါ။ အကြောင်းကတော့ Son Ye-jin က Daegu မှာနေတာကြောင့် နံရိုးဟင်းကလည်း Daegu ကထွက်တဲ့ ဟင်းဖြစ်တဲ့အတွက် Hyun Bin တစ်ယောက် သူ့ချစ်ဇနီးလေးဆီက အမှတ်တွေရဖို့ ချက်ကျွေးဖြစ်တယ်လို့ ပရိသတ်တွေက ယူဆထားကြပါတယ်။

google

Hyun Bin ကလည်း ဒီအချက်ကို ပရိသတ်တွေသိအောင် အင်တာဗျူးမှာ တမင် ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye-jin တို့ရဲ့ အချစ်က လူတိုင်းအားကျဖို့ကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းလှပါတယ်နော် ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။