ယူကရိန်းနိုင်ငံအတွက်လိုအပ်တဲ့ လူသားချင်းစာနာမူဆိုင်ရာ အထောက်အပံ့တွေပေးအပ်ဖို့အတွက်  The Pokemon Compamy က အလှူ‌ငွေတွေကို GlobalGiving ကနေတဆင့်ပေးအပ်သွားမယ်လို့ ပြောဆိုလာပါတယ်။

The Pokemon Company ရဲ့ထုတ်ပြန်ချက်

ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က The Pokemon Company ဟာတွစ်တာကနေတဆင့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်၊အဆိုပါထုတ်ပြန်ချက်ထဲမှာ ယူကရိန်းနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတာတွေကြောင့် မိသားစုတွေအများကြီးကွဲကွာနေရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊လူသားချင်းဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ GlobalGiving ကနေတဆင့် အလှူ‌ငွေကန်ဒေါ်လာ ၂သိန်းကိုပေးအပ်သွားမှာဖြစ်ကြောင်း၊အဲ့ကနေမှ အကူအညီပေးတဲ့အဖွဲ့အစည်းတွေကနေတဆင့် စစ်ပွဲကြောင့်ထိခိုက်ရတဲ့ မိသားစုတွေကို အကူအညီပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Photo via Pokemon.com

ယူကရိန်းနိုင်ငံက အသေးစားဂိမ်းထုတ်လုပ်ရေးကုမ္ပဏီတွေက Gaming Community ကိုစတင်အကူအညီတောင်းရာကနေ ဂိမ်းထုတ်လုပ်ရေးအကြီးကြီးတွေကပါ ဒီအဖြစ်အပျက်ကိုတုံ့ပြန်လာကြတာဖြစ်ပါတယ်။Bungie ကလည်းသူ့ရဲ့ Game2Give ကနေပထမ ၄၈ နာရီအတွင်းရရှိတဲ့အကျိုးအမြတ်တွေအားလုံးကို ယူကရိန်းအတွက် လှူဒါန်းသွားမှာပါ။CD Projekt ကည်းအမေရိကန်ဒေါ်လာ ၁၇၁၀၀၀ လောက်ကိုယူကရိန်းအတွက်လှူဒါန်းသွားမှာပါ။

Photo via Pokemon.com

တခြားဂိမ်းထုတ်လုပ်ရေးတွေကလည်း ရုရှားကျူးကျော်မူနဲ့ပတ်သက်လို့ တတ်နိုင်တဲ့ဖက်ကနေ ဆန့်ကျင်နေကြပါတယ်။EA ကလည်းသူတို့ရဲ့ဂိမ်းတွေကနေ ရုရှားနဲ့ပတ်သက်တာတွေကို ဖယ်ရှားနေပါတယ်။FIFA ကနေရုရှားအသင်းတွေကို ပယ်ဖျက်ပစ်နေတဲ့အကြောင်းကို အောက်ပါ link မှာအသေးစိတ်ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။

သတင်းအရင်းမြစ်: FIFA ဂိမ်းတွေပေါ်က ရုရှားနဲ့ဘီလာရုစ်အသင်းတွေကို ဖယ်ရှားပစ်နေတဲ့ EA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။