တောင်ကိုရီးယားမင်းသမီး Son Ye Jin နဲ့ သူမရဲ့ ချစ်သူ Hyun Bin တို့ဟာ မကြာခင်လက်ထပ်ကြတော့မယ့် စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက Crash Landing On You ဇာတ်ကားထဲမှာလည်း အတူတူတွဲသရုပ်ဆောင်ထားကြသလို  ကြော်ငြာတွေထဲမှာလည်း အတူတူပါဝင်သရုပ်ဆောင်ကြဖူးပါတယ်။ သူတို့နှစ်ဦးတွဲနေကြတာကို လူတိုင်း ရိပ်မိခဲ့ကြပေမယ့် လက်ထပ်မယ့် သတင်းကြီးရုတ်တရက် ထွက်လာခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေက သူတို့နှစ်ဦး Crash Landing On You ဇာတ်လမ်းတွဲမှာကတည်းက သဘောကျနေကြတာလားဆိုပြီး စုံစမ်းမှုတွေ စပြီးလုပ်ကြပါတော့တယ်။

Kbizoom

အဲဒီမှာ မင်းသမီး Son Ye Jin တစ်ယောက် သူမချစ်သူ Hyun Bin နားကို ရောက်ရင်ဖြစ်တတ်တဲ့ အကျင့်လေးကို ပရိသတ်တွေရှာတွေ့ခဲ့ပါတယ်။ အကျင့်လေးက အခြားမဟုတ်ပါဘူး။ သူမရဲ့ လက်က Hyun Bin ရဲ့ ရင်ဘက်ကို ကိုင်ပြီး တွန်းထုတ်တတ်တဲ့ အကျင့်လေးပဲဖြစ်ပါတယ်။ အဲဒီအမူအကျင့်ကို Soe Ye Jin က Hyun Bin နားကိုရောက်တိုင်း လုပ်လေ့လုပ်ထရှိပါတယ်။

Kbizoom
Kbizoom
Kbizoom
Kbizoom

ပရိသတ်တွေက သက်သေအနေနဲ့ Soe Ye Jin ရဲ့ ချစ်စရာ အမူအကျင့်လေးကို ဓာတ်ပုံလေးတွေနဲ့တစ်ကွ ချပြခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ Soe Ye Jin တစ်ယောက် ဇာတ်လမ်းရိုက်ကူးနေစဉ်မှာရော မရိုက်ကူးနေစဉ်အချိန်မှာပါ Hyun Bin ကို ချစ်စရာ အပြုအမူလေး လုပ်နေကြတာပါ။

Kbizoom
Kbizoom
Kbizoom
Kbizoom

မမ Son Ye Jin ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးကို အားလုံးပဲ သိရှိစေရန် ဝေမျှပေးလိုက်ပါတယ်နော်။

Source - Kbizoom

Image - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။