တော်ဝင် မင်းသမီး Eugenie ဟာဆိုရင် မင်းသား Andrew ရဲ့ အငယ်ဆုံး သမီးတော်ဖြစ်ပြီး   အင်္ဂလန်ဘုရင်မကြီးရဲ့မြေးတော်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အစ်မတော်က တော်ဝင်မင်းသမီး Beatrice ဖြစ်ပါတယ်။  တော်ဝင် မင်းသမီး Eugenie ဟာဆိုရင် ချမ်းသာကြွယ်ဝတဲ့မျိုးရိုးမြင့် မင်းမျိုးမင်းနွယ်ကနေ ဆင်းသတ်လာခဲ့ပေမယ့် အဆောင်အယောင်တွေ အများကြီးနဲ့ မနေတတ်တဲ့သူဖြစ်ပါတယ်။

Google

တော်ဝင် မင်းသမီး Eugenie ဟာ မွေးရာပါ ကျောရိုးပြင်ကွေးညွှတ်တဲ့ ရောဂါ ခံစားခဲ့ရတဲ့သူဖြစ်ပြီး ကျောရိုးတွေ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့အတွက် အကြီးစား ခွဲစိတ်မှုကြီးကို သူမ အသက် ၁၂ နှစ်အရွယ်က ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။

Google

ခွဲစိတ်မှုကြောင့် တော်ဝင် မင်းသမီး Eugenie ရဲ့ ကျောရိုးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာပေမယ့် နောက်ကျောဘက်မှ ကြီးမားတဲ့ ခွဲစိတ်ဒဏ်ရာကြီးတော့ရှိနေပါတယ်။

Google

တော်ဝင် မင်းသမီး Eugenie ဟာ သူမရဲ့ ကြီးမားလွန်းလှတဲ့ဒဏ်ရာကြီးကို ပြန်လည်ပြင်ဆင်ဖုံးကွယ်ခြင်းမရှိသည့်အပြင် အခမ်းအနားပွဲတွေမှာ အဝတ်အစား ဝတ်ရင်တောင် ကျောပေါ်တဲ့ဝတ်စုံတွေကို ဝတ်လေ့ရှိပါတယ်။ ဘာကြောင့် ဒီလို ဒဏ်ရာ အသားပေးထားတဲ့ ဝတ်စုံတွေကို ဝတ်ရတာလဲလို့ တော်ဝင် မင်းသမီး Eugenie ကိုမေးလိုက်တဲ့ အချိန်မှာတော့ Engenie က အခုလို ဖြေခဲ့ပါတယ်။

Google

“လောကကြီးမှာ ဘယ်အရာမှဖုံးကွယ်ထားလို့မရဘူး လို့ ကျွန်မဆရာတွေကပြောပါတယ်။ ကျွန်မ ဘာသာစကား ၅ မျိုးပြောတတ်ပါတယ်။ အဲဒီမှာ လူတွေက ကျွန်မရဲ့ ခွဲစိတ်ဒဏ်ရာအဟောင်းအကြောင်းနဲ့ပတ်သတ်ပြီး ပြောကြပါတယ် ။ အဲဒီအချိန်မှာ အမေးခံရတဲ့သူစိတ်ထဲမှာ ဂုဏ်ယူသွားတာလည်းရှိနိုင်တယ်။ ရှက်သွားတာလည်း ရှိနိုင်တယ်။ အဲဒီထက်ပိုပြီးတော့ ဘာမှထပ်ပြီးဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မဒဏ်ရာကိုမဖုံးကွယ် ရတာက ဒီဒဏ်ရာကို ကုသပေးခဲ့တဲ့ ကျန်းမာရေးအလုပ်သမားတွေကို ကျေးဇူးတင်ကြောင်း ပြချင်လို့ရယ် .. ကျွန်မလိုပဲ ခန္ဓာကိုယ်မှာဒဏ်ရာတွေရှိနေတဲ့ ပြည်သူတွေ သူတို့ဒဏ်ရာကြောင့် စိတ်ထဲ ရှက်စိတ်မဝင်ရလေအောင် ခွန်အားလေး ပေးချင်လို့ပဲဖြစ်ပါတယ်။ အလှစစ်ဆိုတာ လူတစ်ယောက်ရဲ့ အတွင်းစိတ်ထဲမှာပဲရှိတာပါ ။”

Google

တော်ဝင် မင်းသမီး Eugenie ရဲ့ စကားက ကမ္ဘာတစ်ဝှမ်းက ဒဏ်ရာ အမာရွတ်ရှိတဲ့ လူတော်တော်များများကို ခွန်အားဖြစ်စေခဲ့သလို လူတွေကို အပေါ်ယံကြည့်ပြီး အလှတရားကို ကောက်ချက်မချဖို့ အသိတရားလေးကိုလည်း ရရှိစေခဲ့ပါတယ်။

Google

တော်ဝင် မင်းသမီး Eugenie ဟာ သူမ ချစ်ရသူ Jack Brooksbank နဲ့ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ထပ်ပွဲမှာလည်း မင်္ဂလာဝတ်စုံကို ကျောပေါ်တဲ့ ဝတ်စုံပဲ ဝတ်ဆင်ခဲ့ပါတယ်။ သူမရဲ့ သားဦးလေး August Philip Hawke Brooksbank ကို ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။