ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့က PC Gamer တွေအတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။စျေးကွက်ထဲကို Steam Deck တွေစတင်‌ရောက်ရှိလာခြင်းပါ။Steam Deck ဆိုတာကတော့ ကွန်ပြူတာဂိမ်းတွေကစားနိုင်မဲ့ လက်ကိုင်ဂိမ်းစက်တစ်မျိုးဖြစ်ပြီး Valve နဲ့ Advance Micro Devices တို့ကပူးပေါင်းထုတ်လုပ်တာဖြစ်ပါတယ်။

Photo via GSMArena

လက်ကိုင်ဂိမ်းစက်အနေနဲ့လည်းကစားနိုင်သလို မော်နီတာနဲ့ချိတ်ဆက်ပြီးတော့လည်း ကစားနိုင်ပါတယ်။Steam library တစ်ခုလုံးကိုဆော့ကစားနိုင်မဲ့အပြင် Steam ပေါ်မှာမရှိတဲ့တခြားရင်းမြစ်ကဂိမ်းတွေကို ကစားနိုင်ဖို့စက်ကိုလိုသလိုပြုပြင်နိုင်တယ်လို့လည်းသိရပါတယ်။

Steam Deck နောက်ကျောဖက် (Photo via Reddit)

မျက်နှာပြင်က ၇ လက်မအထိရှိပြီး Touchscreen LCD ဖြစ်ပါတယ်။Operation System ကတော့ SteamOS 3.0  ကိုအသုံးပြုထားပြီး Storage ပိုင်းကတော့စျေးအလိုက်ကွာခြားမူရှိပါတယ်။ဂိမ်းစက်ဟာ Switch တပိုင်း၊PC ပိုင်းလို့ပြောနိုင်တဲ့အပြင် မော်နီတာနဲ့ချိတ်ဆော့နိုင်တဲ့ လုပ်ဆောင်ချက်ကတော့ တော်တော်လေးမိုက်ပါတယ်။

Photo via NoteBookCheck

စျေးနှုန်းထဲမှာဆိုရင်တော့ Base ကဒေါ်လာ ၄၀၀၊Mid ကဒေါ်လာ ၅၂၉ နဲ့ High ကဒါ်လာ ၆၄၉ လောက်ထိရှိပါတယ်။Storage အနေနဲ့ကတော့ Base က 64 GB,Mid က 256 GB,High က 512 GB အထိပါဝင်ပါတယ်။Steam တစ်ခုလုံးပေါ်ကဂိမ်းတွေကို သွက်သွက်လက်လက်ဆော့ကစားနိုင်တဲ့အပြင် တခြား Platform ပေါ်ကဂိမ်းတွေကိုလည်း ပြုပြင်ဆော့ကစားနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ Steam Deck အတွက် Varified ဖြစ်ပြီးသားဂိမ်းတွေကဆော့ရတာပိုအဆင်ပြေတယ်လို့သိရပါတယ်။Review တွေအများကြီးထဲမှာ ကောင်းတာတွေရော၊မကောင်းတဲ့ Review တွေကိုပါတွေ့ရမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။