ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စက်လှေနစ်မြုပ်ကာရေထဲပြုတ်ကျသေဆုံးသွားခဲ့ ထိုင်းမင်းသမီး Tangmo ရဲ့ အဖြစ်ဟာ လူတိုင်းကို သံသယများစွာနဲ့ ကျန်ရစ်စေခဲ့စေပါတယ်။

Google

Tangmo သေဆုံးသွားချိန်မှာ သူမရဲ့ သူငယ်ချင်း ၅ ယောက်လည်း ရှိနေတာကြောင့် လူတိုင်းက စက်လှေပေါ်ပါ သူငယ်ချင်း ၅ ယောက်ကို သံသယဝင်ခဲ့ကြပါတယ်။ စဖြစ်ဖြစ်ချင်းမှာ Tangmo ရဲ့ မိခင်ဖြစ်သူ Panida Siriyudthayothin ကသူမသမီး ဖြစ်သူ သေဆုံးမှုအတွက် အမှန်တရားရှာဖွေသွားမယ်ဆိုပြီး ကြုံးဝါးခဲ့တာပါ။ ဒါပေမယ့် မနေ့က ဖြစ်ခဲ့တဲ့ Tangmo အမေရဲ့ လုပ်ရပ်ဟာ ကြားရသူတိုင်းကို ဒေါသဖြစ်လာစေပါတယ်။

Google

Tangmo ရဲ့ အမေ က သူမသမီးရဲ့ အမှုကို ပိတ်စေချင်ရင် နစ်နားကြေး အနည်းဆုံး ဘတ် သန်း ၃၀ ပေးရမယ်လို့ ထိုင်းနာမည်ကြီးတီဗီအစီအစဉ်တစ်ခုကနေ ဆိုလိုက်ပါတယ်။ သမီးဖြစ်သူ သေဆုံးမှုကို ထိုင်းဘတ် သန်း ၃၀ လောက်နဲ့ ညှိနှိုင်းလိုက်တဲ့ အမေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကိုလည်း လူအများက အံ့အားသင့်နေကြပါတယ်။

Google

ဒါ့အပြင် သမီးဖြစ်သူရေနစ်သေဆုံးမှုမှာ အဓိကပါဝင်နေတဲ့ စက်လှေပိုင်ရှင် Por ဆိုတဲ့ လူကိုလည်း Tangmo ရဲ့ အမေက အခုလို ပြောခဲ့ပါသေးတယ်။

Google

“Por က အရမ်းကို ယဉ်ကျေးတဲ့သူပါ။ သူကအမြဲတမ်းကျွန်မကို ဖုန်းခေါ်ပြီး နေ့တိုင်းငိုတယ် ။ Tangmo သေဆုံးသွားတဲ့အတွက်လည်း နစ်နားကြေးပေးမယ်လို့ ပြောပါတယ်။ သူကကျွန်မကို Tangmo ရဲ့ ဝင်ငွေကို တွက်ခိုင်းတယ်။ Tangmo ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်ဆောင်ရင် စီရီးတစ်ခုကိုဘတ် ၈ သိန်းကနေ ၁ သန်းထိ ရတယ်။ နောက်ထပ် Tangmo နှစ်ပေါင်း ၃၀ အထိရိုက်ကူးရေးလုပ်နိုင်တယ်။ အခု ကျွန်မ ပြောတဲ့ နှုန်းထက်တောင် ပိုပြီးရှာနိုင်ပါတယ်။ဒါကို Por က အကုန်လုံးပေးမယ်လို့ ပြောပါတယ်။ ”

Google

စက်လှေပိုင်ရှင် Por က ငွေကြေးချမ်းသာတဲ့သူဖြစ်တာကြောင့် သမီးဖြစ်သူကိုယ်စား Tangmo ရဲ့ အမေကို လစဉ်ထောက်ပံ့ပေးမယ်လို့ ဆိုထားတာကြောင့် Tangmo ရဲ့ အမေက Por ကို မျက်နှာလုပ်နေတာလို့ လူတွေက ပြောပါတယ်။

Google

Tangmo ရဲ့ အမေ Panida က သမီးဖြစ်သူ ဆုံးပါးပါးသွားချင်းမှာ သွေးရိုးသားရိုးသေဆုံးရတာ မဟုတ်ဘူးလို့ပြောခဲ့ပြီး တရားခံရှာဖို့ ကြုံးဝါးခဲ့ပေမယ့် သူမရဲ့ ဘတ် သန်း ၃၀ နဲ့ အမှုပိတ်ဖို့ စဉ်းစားပေးမယ်ဆိုတဲ့ စကားကို ပြောထွက်ခဲ့ပါတယ်။

Google

ဒါကြောင့် Tangmo ရဲ့ အမေကို လူတွေက ဟန်ဆောင်ဇာတ်တိုက်ပြီး “ငွေရဖို့ပဲစဉ်းစားတဲ့ အဘွားကြီး ..”  “သမီးကို ဘတ် သန်း ၃၀ နဲ့ လဲတဲ့ အဘွားကြီး” ဆိုပြီး ဒေါသထွက်နေကြတာဖြစ်ပါတယ်။ Tangmo ရဲ့ အမေက ငွေရေးကြေးရေးကိစ္စကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တီဗီအစီအစဉ်မှာ ပြောဆိုခဲ့တာကြောင့် သတင်းက ခဏလေး ပြန့်နှံ့သွားပြီး ပြည်သူအများရဲ့ ဒေါသထွက်မှုကို ခံနေရတာပဲဖြစ်ပါတယ်။

Google

Tangmo သေဆုံးသွားချိန်မှာ မန်နေဂျာဖြစ်သူရဲ့ သမီးဆီကို အသက်အာမခံငွေကြေး ဘက်၁ သန်းလုံးကို လွှဲပြောင်းခဲ့တာကြောင့် Tangmo ရဲ့ သေဆုံးမှုက ငွေမတ်သူတွေအတွက် အကြောင်းပြချက်တစ်ခုလိုမျိုးဖြစ်သွားခဲ့ပါတယ်။ သစ္စာမရှိတဲ့ သူငယ်ချင်းတွေကြား ငွေကြေးနဲ့ အရာရာ ဖြေရှင်းပေးလို့ရတယ်ဆိုတဲ့ မိခင်ရဲ့လောဘကြားမှာ အရာအားလုံးက ဘာမှမဟုတ်ခဲ့တော့ပါဘူး။ သေဆုံးသွားခဲ့ရတဲ့ ဖရဲသီးလေး အတွက်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။