တောင်ကိုရီးယားမင်းသမီး Seo Ye Ji ရဲ့ အိမ်နီးနားချင်းတွေနဲ့ ပြဿနာတတ်နေတဲ့ သတင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ ဒီကိစ္စဖြစ်ခဲ့တာက ၂၀၂၁ ခုနှစ် လလယ်ပိုင်းလောက်ကဖြစ်ပါတယ်။ ဒီသတင်းကို So Ye Ji နဲ့ ပြဿနာဖြစ်ခဲ့တဲ့ အင်တာနက်အသုံးပြုသူတစ်ယောက်က ပြန်လည်ဝေမျှခဲ့တာကြောင့် ထပ်ပြီး လူပြောများလာတာဖြစ်ပါတယ်။

Google

ဒီအကြောင်းအရာကိုတင်ခဲ့တဲ့သူက Seo Ye Ji ရဲ့ မိဘတွေနေထိုင်တဲ့ အအောက်အဦမှာနေထိုင်တဲ့သူဖြစ်ပါတယ်။ Seo Ye Ji ရဲ့ မိဘတွေဟာဆိုရင် အိမ်နီးနားချင်းတွေနဲ့ မကြာခဏရန်ဖြစ်လေ့ရှိပြီး အများပြည်သူပိုင်တဲ့ ဝရံတာနဲ့လှေကားတွေမှာ သူတို့ကိုယ်ပိုင်ပစ္စည်းတွေ ထားလေ့ရှိတယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ဆိုထားပါတယ်။

Google

 “သူတို့က ပစ္စည်းတွေကို ကျွန်တော့်အိမ်ရှေ့မှာရော ၊ ဝရံတာတွေမှာရော ၊ ကားပါကင်တွေမှာရော ၊ လှေကားတွေမှာရော အကုန်လျောက်ထားပြီး လူတွေကိုလည်း သူတို့ပစ္စည်းတွေကို မထိ ခြံစည်းရိုးခက်ထားသလိုလုပ်ထားတယ်။ မီးသတ်ဆေးဘူးတွေကိုလည်း လှေကားမှာထားထားတယ်။ Seo Ye Ji ကလည်း တစ်ပတ်ကို ၃ ခေါက် သူ့မိဘတွေအိမ်ကိုလာတယ်။ လာရင်လည်း ကားကို ကြုံသလိုပါကင်ထိုးသွားတာ။ အခြားသူကားတွေက ထွက်လို့မရအောင် ပိတ်မိကုန်ရော”

Netizen

ပို့စ်ပိုင်ရှင်ရဲ့ အဆိုအရ Seo Ye Ji ရဲ့ မိဘတွေက ပစ္စည်းတွေကို ခြံစည်းရိုးခတ်ထားသလိုလုပ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အိမ်နီးချင်းတွေနဲ့ မကြာခဏ စကားများရပြီး Seo Ye Ji ရဲ့ ဖခင်ဟာဆိုရင်လည်း အိမ်နီးချင်းတစ်ယောက်ကို ရန်ဖြစ်ရင်း တွန်းထုတ်လိုက်မိတယ်လို့ ဆိုပါတယ်။ ဒီလိုကိစ္စကြီးက ၄ နှစ်ကြာအောင် ဖြစ်နေပြီး ပြဿနာဖြစ်တိုင်း Seo Ye Ji က သူမရဲ့ ရှေ့နေနဲ့ ဖြေရှင်းလေ့ရှိတယ်လို့ အဆောက်အဦမှာ နေထိုင်သူက ဆိုပါတယ်။

Netizen

Seo Ye Ji ရဲ့ အေဂျင်စီ Gold Medalist ဘက်ကတော့ မင်းသမီးရဲ့ မိဘတွေအနေနဲ့ အဆိုပါနေရာကနေ မကြာသေးခင်က ပြောင်းရွှေ့သွားကြပြီဖြစ်တာကြောင့် ပြဿနာက ပြေလည်သွားပြီလို့ ဆိုပါတယ်။ မင်းသမီးအနေနဲ့လည်း ပြဿနာ ဖြစ်တုန်းက အိမ်နီးနားချင်းတွေကို ကျေနပ်အောင် အကောင်းဆုံး တောင်းပန်ထားတာကြောင့် ဒီကိစ္စဖြေရှင်းပြီးသွားပြီဖြစ်တယ်လို့ ပြန်လည်ထုတ်ပြန်ထားပါတယ်။

Google
Google

ဒါပေမယ့်လည်း ပရိသတ်တွေအနေနဲ့ Seo Ye Ji ရဲ့ တောင်းပန်မှုက ကျေနပ်စရာမကောင်းဘူးလို့ ဆိုပါတယ်။ Seo Ye Ji ရဲ့ မိဘတွေ အနေနဲ့လည်း အခုလို လူမှုရေးခေါင်းပါးတဲ့လုပ်ရပ်မျိုးဟာ လုပ်တာဟာ မကောင်းတဲ့အကြောင်း ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။