မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာဆိုရင် မကြာသေးမီက ထိုင်နိုင်ငံက စက်လှေပေါ်ကနေ ပြုတ်ကျသေဆုံးသွားတဲ့ မင်းသမီး Tangmo ရဲ့ အဖြစ်ကို ကြည့်ပြီး သံဝေဂ ရနေခဲ့ပါတယ်။ မင်းသမီး Tangmo ဟာဆိုရင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူမရဲ့ သူငယ်ချင်း ၅ ယောက်နဲ့အတူတူ စက်လှေစီးနေရင်း လှေပေါ်ကနေ ပြုတ်ကျသေဆုံး သွားခဲ့ရတာဖြစ်ပါတယ်။

Thinzar Wint Kyaw's Facebook
Thinzar Wint Kyaw's Facebook

Tangmo လှေပေါ်ကနေ ပြုတ်ကျသွားခဲ့ရတာနဲ့ ပတ်သတ်ပြီး သူမရဲ့ သူငယ်ချင်းတွေအားလုံး အနားမှာရှိနေခဲ့ပေမယ့် အချိန်မီ ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းမရှိတာကြောင့်လည်း လူအများက Tangmo ရဲ့သေဆုံးမှုက လုပ်ကြံမှုတစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဒါကြောင့် Tangmo သေဆုံးရတာနဲ့ပတ်သတ်ပြီး သူငယ်ချင်းတွေရဲ့ သစ္စာမရှိမှုကို မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်မှ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလို ဝေမျှပေးလာခဲ့ပါတယ်။

Thinzar Wint Kyaw's Facebook

“လူတွေကိုယုံကြည်လို့မရဘူးဆိုတာ မင်းသမီး Tangmo ရဲ့ အဖြစ်ကသက်သေပြသွားတာပဲ

သူကသူများအပေါ် စိတ်ကောင်းထားပေးတာတောင်

အဲ့စေတနာကိုအသိအမှတ်မပြုပဲ လုပ်ရက်ကြတာ

မိန်းကလေးအချင်းချင်း J အကြီးစား မနာလိုမှုဆိုတာတော်တော်ကြောက်ဖို့ကောင်းပါလား မင်းသမီးက သူ့

Manager ဆိုပေမဲ့ သူငယ်ချင်းပေါင်းပေါင်းတာ

တောင်လူမဆန်တဲ့လုပ်ရပ်ကိုလုပ်ရက်တယ်နော်

လူစိတ်ရှိတဲ့သူဆို သူများဒုက္ခရောက်နေတာတောင်ကယ်ရမှာ ကူညီရမှာ ခုဟာက မနာလိုစိတ်ကြောင့်

ကျေးဇူးရှင်ကိုသေတွင်းပို့တာ

ဝဋ်ဆိုတာကတော့လည်မှာပါ

Thinzar Wint Kyaw's Facebook

ဘာပဲဖြစ်ဖြစ်မင်းသမီးအတွက်စိတ်မကောင်းဘူး

ခုတွေ့ကြုံနေရတဲ့လူတွေထဲမှာလဲဒီလိုပါပဲ ကိုယ်ကအကောင်းတွေပေးတာတောင် ကိုယ့်စေတနာကို

အသိအမှတ်မပြုချင်တဲ့သူတွေ ကျေးဇူးမတင်ချင်တဲ့သူတွေရှိတယ်

ကိုယ့်ရှေ့မှာတော့ချိုပြီး အတွင်းပုတ်နေတဲ့သူတွေ

သူတို့ကိုကိုကဟန်မပျက်ဆက်ဆံနေပေမဲ့

သူတို့ဖြစ်နေတာကို ကိုယ်ကမသိလို့တော့မဟုတ်ဘူး

လူတယောက်နဲ့ပေါင်းကြည့်လိုက်တာနဲ့ သူကဘာလဲဆိုတာကိုယ့်စိတ်ကအလိုလိုသိနေတာမျိုး

တခါတခါအဲ့လိုလူတွေနဲ့ဆက်ဆံရတာလဲတကယ်ပင်ပန်းပါတယ် ငါကောင်းရက်နဲ့ ငါ့အပေါ်ဘာလို့မေတ္တာ

ဂရုဏာ မုဒိတာမထားနိုင်ကြတာလဲလို့

တခါတလေတော့လဲ ဝမ်းနည်းမိတယ်

ခုတော့ No ပါ သူတို့ရဲ့ အကုသိုလ်စိတ်ဖြစ်နေတာကိုလိုက်ခံစားမနေတော့ဘူး

သူတို့ဟာသူတို့ပူလောင်ကြပါစေ ကိုယ်ကကောင်းကောင်းဆက်ဆံပေးထားတာပဲ

တခုခုဖြစ်သွားလဲ နောင်တမရှိဘူး ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ

ဒါပေမဲ့ စေတနာရောင်ပြန်ဟပ်ဆိုသလို အဲ့လိုလူတွေကလဲကိုယ့်အနားမှာကြာကြာမနေနိုင်ပါဘူး အချိန်တန်ရင်သူ့အလိုလိုအဝေးရောက်သွားတာပါပဲ

ကိုယ်ပေးတဲ့စေတနာတွေနဲ့မှမတန်တာ အဲ့ဒီတော့သွားပေါ့

အဲ့လိုလူ ၁၀ ယောက်ရှိတာထက် ကောင်းတဲ့သူ ၁ ယောက်ကိုပဲပိုလိုချင်မိတယ်

ခုကိုယ်ကလွဲရင် ခေါင်းတောင်မယုံချင်တော့ပါဘူး

Thinzar Wint Kyaw's Facebook

မိဘကလွဲလို့ ယုံကြည်လို့ရပါတယ်ဆိုတဲ့သူတွေကိုတောင်ပိုလို့တောင်မယုံချင်တော့

တွေ့ချိုတွေ လုပ်ချိုတွေလဲမလိုချင်ဘူး အခက်အခဲဖြစ်မှလာရှာတဲ့သူမျိုးလဲမလိုချင်ဘူး

အော်ဒါပေမဲ့လည်းကိုယ်ချင်းစာတရားတွေတဖြည်းဖြည်းနည်းပါး လိုချင်ရမက်တွေပြည့်ပြီး

အတ္တမာန်မာနတွေ ဖုံးလွှမ်းနေတဲ့ လူ့ငရဲပြည်ကြီးထဲမှာဆက်ပြီးအသက်ရှင်ရဦးမှာပဲ

မရှင်ချင်လို့လဲမရ ကိုယ့်ကိုအားကိုးနေရတဲ့သူတွေလဲရှိသေးတာကိုး

ဒါပေမဲ့ အသက်ရှင်မဲ့နေ့ရက်တိုင်းမှာကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်အောင် သူများအတွက်ကိုယ်ဟာ လူပိုတယောက်မဖြစ်အောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ရအောင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့စကား ပဲပြောမိအောင် အကျိုးရှိတဲ့အလုပ်ပဲ လုပ်မိအောင်

ကိုယ်ချင်းစာတရားရှေ့ထားပြီး

ကြိုးစားနေထိုင်ပါ့မယ်

ခံစားချက်တွေရေးလိုက်တာ စာနဲနဲရှည်သွားတယ်

Sorry နော် ☺️”

Thinzar Wint Kyaw's Facebook

မမသင်ဇာရဲ့ စာလေးက လူ့ဘောင်လောကမှာကျင်လည်နေတဲ့သူတွေအတွက် မှတ်သားစရာ စာသားလေးဖြစ်ပါတယ်။ လူအမျိုးမျိုး စိတ်အဖုံဖုံရယ်လို့ ရှိတာကြောင့် မိမိနားမှာ ရှိနေတဲ့သူတွေက မိတ်ဆွေစစ်လား မိတ်ဆွေတုလားဆိုတာကို ကွဲကွဲပြားပြားသိနေရပါမယ်။ အားလုံးပဲ မင်းသမီး Tangmo လိုမျိုးမဖြစ်ဘဲ တကယ်ကို သစ္စာရှိတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းသင်းနိုင်စေဖို့ မမ သင်ဇာဝေမျှပေးထားတဲ့ စာလေးနဲ့ ပေါင်းပြီး အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။