တောင်ကိုရီးယားမင်းသမီး Eugene ဟာဆိုရင် ချစ်ဖို့ကောင်းလွန်းလှတဲ့ သမီးလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူမက တောင်ကိုရီးယားမင်းသား Ki Tae-young နဲ့ ၂၀၁၁ ခုနှစ်ကတည်းက လက်ထပ်ထားတဲ့သူဖြစ်ပြီး သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Google

တောင်ကိုရီးယား အနုပညာရှင်စုံတွဲတွေထဲမှာဆိုရင် Eugene တို့စုံတွဲလေးကလည်း နာမည်ပျက်မရှိဘဲ လူချစ်လူခင်ပေါတဲ့ စုံတွဲလေးဖြစ်ပါတယ်။ Ki Tae-young က သမီးလေးနှစ်ယောက်နဲ့ “Return of Superman” အစီအစဉ်လေးမှာလည်း ပါဝင်ထားတာကြောင့် သူတို့ မိသားစုလေးကို ပရိသတ်တွေ တော်တော်များများကလည်း ရင်းနှီးကြပါတယ်။

Google
Google

မကြာသေးမီကလည်း မေမေ Eugene တစ်ယောက် သူမရဲ့ သမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးထားပါတယ်။ ဓာတ်ပုံထဲမှာဆိုရင် Rohee လေး မူလတန်းစာမေးပွဲဝင်ခွင့်ရတဲ့အတွက် လက်ဆောင်ရထားတဲ့ ကိတ်မုန့်ကလေးကို ကြွားနေတဲ့ပုံလေးဖြစ်ပါတယ်။

Google
Google

Rohee လေးက ဆံပင်ရှည်ရှည်လေးနဲ့ အရမ်းချစ်ဖို့ကောင်းနေပြီး ကလေးတုန်းက အာပြဲပြဲနဲ့ငိုတဲ့ Rohee လေး မဟုတ်တော့ပါဘူး။

Google

မေမေ Eugene နဲ့ မျက်နှာချင်းပိုပိုပြီးတူလာတဲ့ Rohee လေးရဲ့ ဓာတ်ပုံလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Source – news.nate

Image - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။