အာဖဂန်နစ္စတန်နိုင်ငံ ၊ Herat စီရင်စု အနီးမှာရှိတဲ့ injil ရွာမှာနေထိုင်တဲ့သူတွေဟာ အလုပ်အကိုင်ရှားပါးမှု ၊ အကြွေးငွေတွေရဲ့ ဖိနှိပ်မှု ၊ စားဝတ်နေရေးအဆင်မပြေမှု ၊ မိသားစုအတွက်ထောက်ပံ့ပေးရန် လိုအပ်မှု တွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရွာလေးဖြစ်ပါတယ်။ ရွာထဲမှာနေထိုင်တဲ့သူတွေဟာလည်း ရှင်သန်နေထိုင်ဖို့ ငွေကြေးတွေ လိုအပ်နေတာကြောင့် ကိုယ်ခန္ဓာက ဝမ်းတွင်းကလီစာ အစိတ်အပိုင်းတွေ ထုတ်ရောင်းတဲ့အဆင့်ထိ ဖြစ်နေကြပါပြီ။

CGTN America
CGTN America

ငွေကြေးအခက်အခဲကြောင့် ရွာထဲကလူတွေက ကျောက်ကပ်တစ်လုံးဆီ ထုတ်ရောင်းထားကြပြီး လူတိုင်းမှာ ဗိုက်ခွဲအရာ တစ်ခုဆီရှိနေပါတယ်။ ကျောက်ကပ်ထုတ်ရောင်းပြီး ငွေရှာတဲ့ ဖြစ်စဉ်က ပိုမိုကျယ်ပြန့်လာတာကြောင့် အခုဆိုရင် ရွာထဲမှာနေထိုင်သူတိုင်း ကျောက်ကပ်တစ်လုံးစီထုတ် ရောင်းထားပြီး ကြပါပြီ ။ ဒါကြောင့် Injil ရွာကို “ကျောက်ကပ်တစ်လုံးရွာ” (One-kidney village) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

CGTN America

အခုလို ကျောက်ကပ်တစ်လုံးထုတ်ရောင်းဖြစ်တာနဲ့ပတ်သတ်ပြီး ရွာသားတစ်ယောက်ကို အင်တာဗျူးခဲ့တဲ့အခါမှာတော့ အခုလို ဖြေထားတာကိုတွေ့ရပါတယ်။

CGTN America

“ကျွန်တော့်ကလေးတွေအတွက် ထုတ်ရောင်းဖြစ်ခဲ့တာပါ။ ကျွန်တော့်မှာ အခြားရွေးချယ်စရာမရှိဘူးလေ”

CGTN America

ကျောက်ကပ်ထုတ်ရောင်းလိုရတဲ့ငွေကြေးဟာလည်း အရမ်းအများကြီးမဟုတ်တာကြောင့် ရေရှည်အတွက်မဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေတယ်လို့ ရွာသားတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ Injil ရွာမှာနေထိုင်ကြတဲ့ ရွာသားတွေ ငွေရရှိဖို့အတွက် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကြည်ကြည်ဖြူဖြူ ထုတ်ရောင်းနေကြတဲ့ ဖြစ်စဉ်ကြီးဟာ ကြားသိရတဲ့သူတွေအဖို့ တကယ့်ကို တုန်လှုပ်စရာကြီးဖြစ်ပါတယ်။

CGTN America

ရွာသားတွေအနေနဲ့ စားဝတ်နေရေးအတွက် နောက်ထပ် အခြားန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထုတ်ရောင်းကြတာတွေလည်း ရှိကောင်းရှိနိုင်တာကြောင့် အခုအကြောင်းအရာလေးကို စိတ်မကောင်းဝမ်းနည်းဖွယ် ဗဟုသုတရစရာလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Source - CGTN America

Image - CGTN America

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။