ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်ဟာဆိုရင် ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ၊ တောင်သူလယ်သမားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်လွတ်မြောက်လာတဲ့သတင်းကြောင့် ပရိသတ်တွေကလည်း အတိုင်း မသိ ဝမ်းသာခဲ့ကြပါတယ်။ တချို့ပရိတ်သတ်တွေဆိုရင် ဝမ်းသာကြလွန်းလို့ လက်ဆောင်တွေပါ အပြိုင်အဆိုင် ပေးပို့နေကြပြီပဲဖြစ်ပါတယ်။

Google

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အနေနဲ့ လက်ရှိမှာ မိုလ်ဘိုင်းဖုန်း အသုံးမပြုသေးတာကြောင့် ပရိသတ်တွေပေးတဲ့ လက်ဆောင်လေးတွေလက်ခံရရှိကြောင်းကို သူ့အစ်မဖြစ်သူ မေချစ်သွေးမှ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး တင်ပေးထားပါတယ်။

May Chit Tway's Facebook

“မေတ္တာလက်ဆောင်များပို့ပေးပါသော တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ?

ပိုင့်မှာ ခုလက်ရှိဖုန်းမရှိသေးလို့ ကိုယ်စားတင်ပေးပါဆိုလို့ တင်ပေးလိုက်ပါတယ်ဗျာ❤️”

Google

ပြည်သူချစ်မင်းသားလေးကတော့ တကယ့်ကို ပရိသတ်တွေကို ဂရုစိုက်ပေးရှာတာပဲနော်။ သူကိုယ်တိုင် ဖုန်း အသုံးမပြုနေရတာကြောင့် ပရိသတ်တွေကို အစ်မ ဖြစ်သူကနေတစ်ဆင့် ရအောင် အသိပေးပေးရှာတာ။ ပြည်သူ့မင်းသားလေး ပိုင်တံခွန်တစ်ယောက် အရင်ကထက်ပိုအောင်မြင်ပြီး အလုပ်အကိုင်တွေပိုပြီးအဆင်ပြေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။