Jeonju ရုပ်ရှင်ပွဲတော်မှာ ဆု ၃ ဆုရရှိသွားတဲ့ “Not Out” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Song Yi Jae ဟာဆိုရင် Parasite မင်းသမီး Park So Dam နဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

Google

Song Yi Jae ရဲ့ အနုပညာစွမ်းရည်တွေကို မသိရသေးခင်မှာ ပရိသတ်တွေက သူမရဲ့ မျက်နှာပုံစံကို ပိုပြီး စိတ်ဝင်စားနေကြပါတယ်။ သူမရဲ့ မျက်နှာပုံစံက မင်းသမီး Park So-dam နဲ့ သွားတူနေပြီး ရုတ်တရက်ကြည့်လိုက်ရင် လုံးဝကို ခွဲမရတော့ပါဘူး။ အခုဆိုရင် Song Yi Jae တစ်ယောက် Park So-dam လိုမျိုး ဆံပင်ပုံစံ အတိုလေးပါ ညှပ်လိုက်တာကြောင့် လုံးဝကို Park So Dam ပုံစံမျိုးဖြစ်နေပါတယ်။

Google
Google

Song Yi-jae ဟာဆိုရင် dancer တစ်ယောက်ဖြစ်ပြီး ပြည်တွင်းပြည်ပအကပြိုင်ပွဲတွေမှာ ဆုတွေ အများကြီးရရှိထားတဲ့ သူဖြစ်ပါတယ်။ သူမက ၂၀၁၇ ခုနှစ်မှာ SNL Korea ရဲ့ အဖွဲ့ဝင်အဖြစ် စတင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါ့အပြင် Song Yi-jae က Giriboy ရဲ့ သီချင်းဗီဒီယိုဖြစ်တဲ့ Global Extinction မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Google
Google

ပရိသတ်တွေကတော့ Song Yi-jae ကို Park So-dam ရဲ့ ပုံစံအနေအထားကနေ ကွဲထွက်ပြီး သူမကိုယ်ပိုင်ပုံစံလေးနဲ့ မြင်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

Source – Kbizoom

Image - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။