ထိုင်းမင်းသမီး Tangmo ရဲ့ နာမည်အပြည့်အစုံက Nida Patcharaveerapong ဖြစ်ပြီး သူမက အဆိုတော် ၊ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ Tangmo ဟာ ၂၀၁၃ ခုနှစ်မှာ ထိုင်းသရုပ်ဆောင် Tono Pakin Kumwilaisuk နဲ့ စေ့စပ်ခဲ့ဖူးပါတယ်။

Google

လူသိရှင်ကြားစေ့စပ်ပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ ကွဲခဲ့တာကြောင့် သူတို့နှစ်ဦးအကြောင်းကလည်း အဲဒီအချိန်တုန်းကတော်တော် လူစိတ်ဝင်စားမှု များခဲ့ပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာ Tangmo တစ်ယောက် အဆိပ်တွေသောက်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခဲ့တာကြောင့် ဆေးရုံကိုရောက်ခဲ့ဖူးပါသေးတယ်။

Google

၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထိုင်းမင်းသမီး Tangmo ဟာ လှေပေါ်ကနေ ပြုတ်ကျခဲ့ပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သူမရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ Tangmo က စက်လှေပေါ်ကို သူမရဲ့ မန်နေဂျာ ၊ စက်လှေဆရာ နဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Google

စုံစမ်းတွေ့ရှိချက်တွေအရ Tangmo ဟာ ရေထဲပြုတ်ကျချိန်မှာ အသက်ကယ်ဝတ်စုံဝတ်ဆင်ထားခြင်းမရှိဘဲ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လှေပေါ်ပြုတ်မကျခင်မှာ Tangmo တစ်ယောက် လှေရဲ့ အစွန်ပိုင်းမှာ ရှူးသွားပေါက်ရင်း ပြုတ်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် အဝတ်အစားပုံစံ (Jumpsuits) အနေအထားနဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ ဒီလိုကိစ္စက လုံးဝမဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။ Tangmo ပြုတ်ကျချိန်မှာ မြစ်ရဲ့ရေစီးကြောင်းက ပြင်းထန်နေပြီး မီးအလင်းရောင်မရှိတာကြောင့် ရှာဖွေရခက်ခဲခဲ့တယ်လို့ သိရပါတယ်။

Google

အလောင်းစစ်ဆေးချက်တွေအရ Tangmo ရဲ့ ဘယ်ဘက်ခြေထောက်မှာ ပျက်ရှရာလေးတွေရှိတယ်လို့ သိရပါတယ်။ ပျက်ရှရာ က အရိုးအထိမြင်နေရပြီးတော်တော်နက်တာကြောင့် စစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အချိန်မှာ စက်လှေပန်ကာဒလတ်နဲ့ထိမိတာကြောင့်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

Google

Tangmo ရဲ့ မန်နေဂျာဟာ Tango နဲ့အတူတူ စက်လှေပေါ်မှာ ပါလာခဲ့ပေမယ့် Tangmo ပြုတ်ကျသွားခဲ့ပြီးနောက်မှာ မန်နေဂျာဖြစ်သူက ပုံစံမပျက်အေးအေးဆေးဆေးနေနေတာကြောင့်လည်း ပရိသတ်တွေက သံသယဝင်နေကြပါတယ်။ Tangmo က မန်နေဂျာ ဖြစ်သူရဲ့ သမီးလေးကို အရမ်းချစ်ပြီး မန်နေဂျာရဲ့ ကလေးလေးကိုလည်း အမွေစားအမွေခံထားထားတာဖြစ်ပါတယ်။

Google

Tangmo က သူမ မသေဆုံးခင်မှာ အသက်အာမခံထားရှိထားပြီး အသက်အာမခံလျော်ကြေးငွေတွေ ဘတ်တစ်သန်းကို သူမရဲ့မန်နေဂျာဖြစ်သူရဲ့ ကလေးက အားလုံးရရှိခဲ့တယ်လို့ သိရပါတယ်။  ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး Tangmo ရဲ့ မန်နေဂျာ ပရောဂမကင်းဘူးလို့ ယူဆထားတဲ့သူတွေရှိပါတယ်။

Google

Tangmo ဟာထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး The Fall Leaf ၊ Ghost of Mae Nak ၊ Pard 888 နဲ့ Love Stories Innocence စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားဖူးတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။