ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံလေး ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် အကယ်ဒမီပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်သို့ ကျန်းကျန်းမာမာနဲ့ ပြန်လည်ရောက်ရှိလာတဲ့အကြောင်းကို အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ အိကျော်ဇင်မှ အခုလိုလေး အသိပေးထားတာဖြစ်ပါတယ်။

Photo - Credit 

“မောင်လေးပြေတီဦးနဲ့ညီမလေးအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနေအိမ်ကိုကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိပါပြီ။ ဒီရက်ပိုင်းဖုန်းတွေပြန်မဖြေဖြစ်ယင်နားလည်ပေးကြပါရှင်.ဆုတောင်းမေတ္တာပို့ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်”

Photo - Credit

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဖမ်းခံခဲ့ရတာ တစ်နှစ်နီးပါးကြာတဲ့ အချိန်မှာ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ပြည်သူချစ် အနုပညာရှင်နှစ်ဦး ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာကြောင့်လည်း ပရိသတ်တွေက အတိုင်းမသိ ဝမ်းသာနေကြပါတယ်။

Photo - Credit 
Photo - Credit 

သရုပ်ဆောင်အကယ်ဒမီပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအပါအဝင် ၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ၊ သရုပ်ဆောင် ဒါရိုက်တာ လူမင်း ၊ ဒါရိုက်တာဝိုင်း  တို့တွေလည်း လွတ်မြောက်လာကြတယ်လို့ သိရပါတယ်။လွတ်မြောက်လာကြတဲ့ အနုပညာရှင်တွေရှိသလို မလွတ်မြောက်သေးဘဲ ဆက်လက် ဖမ်းဆီးခံ ထားရတဲ့ သရုပ်ဆောင်တွေလည်း ရှိနေပါသေးတယ်။ သူတို့တွေက သရုပ်ဆောင် ရဲတိုက် ၊ အဆိုတော်စောဖိုးခွား ၊ အဆိုတော်ပိုပို ၊ အဆိုတော်အီတိုး ၊ သရုပ်ဆောင်ဆင်မ ၊ beauty blogger ဝင်းမင်းသန်း နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ဖြစ်တယ်လို့ သိရှိရပါတယ်။ မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေကိုလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။