ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ တော့ ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ် အနုပညာတွေ လွတ်မြောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီအထဲမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့ ပြည်သူချစ်အနုပညာရှင်တွေလည်း ရှိနေပါသေးတယ်။

ဆက်လက်ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် စောဖိုးခွား  ၊ အဆိုတော် ပိုပို ၊ Beauty Blogger ဝင်းမင်းသန်း ၊ သရုပ်ဆောင်ရဲတိုက် ၊ အဆိုတော်အီတိုး ၊ ဟာသသရုပ်ဆောင်ဆင်မ ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ပါဝင်နေပြီး သူတို့အားလုံးဟာ အခုအချိန်အထိ လွတ်မြောက်လာခဲ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဆိုတော် စောဖိုးခွား
အဆိုတော် ပိုပို 
Beauty Blogger ဝင်းမင်းသန်း 

ဒီကနေ့မှာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေကိုပဲ လွှတ်ပေးခဲ့တာကြောင့် မလွတ်မြောက်ပဲ ကျန်ရှိနေခဲ့တဲ့ အနုပညာရှင်တွေက အခြား ပုဒ်မတွေနဲ့ ဆက်လက်ပြီး အမှုရင်ဆိုင်ကြရဦးမှာဖြစ်တယ်လို့သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်
အဆိုတော်အီတိုး
ဟာသသရုပ်ဆောင်ဆင်မ
ဒါရိုက်တာ မင်းထင်ကိုကိုကြီး

လွတ်မြောက်လာခဲ့ကြတဲ့ အနုပညာရှင်တွေက သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၊ သရုပ်ဆောင်ပြေတီဦး ၊ သရုပ်ဆောင် ဒါရိုက်တာလူမင်း၊ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ၊ ဒါရိုက်တာဝိုင်းတို့ ဖြစ်ကြတယ်လို့ သိရှိရပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၊ သရုပ်ဆောင်ပြေတီဦး
သရုပ်ဆောင် ဒါရိုက်တာလူမင်း
ဒါရိုက်တာဝိုင်း
မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် 

လွတ်မြောက်လာကြတဲ့ အနုပညာရှင်တွေအတွက် ဝမ်းသာသလို မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေအားလုံးကိုလည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။