ဒီကနေ့မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာဆိုရင် ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ် အနုပညာရှင်တွေ အများအပြား လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။ လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အကယ်ဒမီလူမင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်းကို လူမင်းနှင့် ဇနီးဖြစ်သူ ခင်စပါယ်ဦးတို့ အတူသုံးစွဲတဲ့ Facebook စာမျက်နှာပေါ်ကနေတဆင့် ဇနီးဖြစ်သူမှ အခုလို ပြောကြားပေးထားပါတယ်။

Google

“ကိုလူမင်းနေအိမ်ကိုပြန်လည်ရောက်ရှိပါပြီ။သတင်းမေးဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်၊တစ်ယောက်ချင်းစီကိုအကြောင်းမပြန်နိုင်ခဲ့ရင်နားလည်ခွင့်လွတ်ပေးပါ?”

Google

သရုပ်ဆောင်လူမင်းနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့အကြောင်းကို Ayarwady Lu Min Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားပေးလာတာဖြစ်ပါတယ်။

Ayarwady Lu Min's Facebook

သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီလူမင်းဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံထားရတာဖြစ်လို့ အခုဆိုရင် ဖမ်းဆီးခံခဲ့ရတာ အချိန် တစ်နှစ်ကျော်ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်။

Google

သရုပ်ဆောင်လူမင်း ပြန်လည် လွတ်မြောက်လာတဲ့ သတင်းကြောင့် ဦးလူမင်းရဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေအားလုံး အတိုင်းထက်အလွန် ဝမ်းသာပျော်ရွှင်နေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။