ဒီကနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာဆိုရင် ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ် အနုပညာတချို့ ပြန်လာလွတ်မြောက်လာကြပြီပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲမှာ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်လည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

Google

သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့အကြောင်းကို ပိုင်တံခွန်ရဲ့ရှေ့နေကိုယ်တိုင် အတည်ပြုပြောကြားပေးထားတာဖြစ်ပါတယ်။ ပိုင်တံခွန် ပြန်လည်လွတ်မြောက်ပြီး နေအိမ်သို့ရောက်ရှိလာတဲ့ ပုံရိပ်လေးတွေကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ပရိသတ်တွေက အတိုင်းထက်အလွန် ဝမ်းသာနေကြပါတယ်။

Google

ပြည်သူချစ်မင်းသားလေး ပိုင်တံခွန် နေအိမ်သို့ ပြန်ရောက်ရှိလာတဲ့ ဗီဒီယိုလေးကို အောက်မှာ ဝင်ကြည့်နိုင်ပါတယ်။

Lucas Dewar's Facebook

ဒီကနေ့မှာဆိုရင် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် အပြင် နာမည်ကြီး ပြည်သူချစ် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ သရုပ်ဆောင်လူမင်း ၊ ပြေတီဦး ၊ ပိုင်တံခွန် ၊ အိန္ဒြာကျော်ဇင် ၊ မဝင်းမင်းသန်းတို့လည်း ပြန်လည် လွတ်မြောက်လာကြတယ်လို ထွက်ရှိလာတဲ့သတင်းတွေအရသိရှိရပါတယ်။ အခြား လွတ်မြောက်လာတဲ့အနုပညာရှင်တွေရဲ့ သတင်းတွေကိုလည်း ဆက်ပြီးတင်ပေးသွားပါ့မယ်နော်။

Google

ပြည်သူချစ်မင်းသားလေး ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပျော်ရွှင်မိပါတယ်။?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။