ကားမောင်းဂိမ်းတွေထဲမှာ ကားပြိုင်ဂိမ်းတွေ၊Drift ဂိမ်းတွေ၊ကားနောက်လိုက်ဖမ်းတာကိုပြေးရတာတွေ၊ကိုယ်ကလိုက်ဖမ်းရတာတွေ စသဖြင့်ဂိမ်းပေါင်းမျိုးစုံရှိပါတယ်။ဒါပေမဲ့ကားကိုခပ်မိုက်မိုက် Drift ဆွဲချင်သူ Gamer တွေအတွက်တော့ Drift သီးသန့်ဂိမ်းဆိုတာ‌ တော်တော်လေးရှာရပါတယ်။ခုဖော်ပြသွားမဲ့ဂိမ်းလေးကတော့ ကားဂိမ်းကို ခပ်ကြမ်းကြမ်း Drift ဆွဲချင်သူတွေအတွက်ဂိမ်းလေးဖြစ်ပါတယ်။

Photo via Pixelbite

Reckless Getaway 2 ဆိုတဲ့ကားမောင်းဂိမ်းလေးပါ။ဒီဂိမ်းကတခြားကားဂိမ်းတွေနဲ့ တော်တော်လေးကိုကွာခြားတဲ့ Concept,Gameplay တွေရှိပါတယ်။ကစားသူဟာကားတစ်စီးကိုထိန်းချုပ်မောင်းနှင်ရမှာဖြစ်ပါတယ်။ကိုယ့်ကားကိုရဲကားတွေကလိုက်ဖမ်းနေမှာဖြစ်ပြီး တဖြည်းဖြည်းရဲတွေကို အချိန်ကြာကြာရှောင်လာနိုင်တာနဲ့အမျှ SWAT တပ်ဖွဲ့ကကားတွေ၊ရဟတ်ယာဥ်တွေ၏လိုက်ဖမ်းတာကိုပါခံရမှာပါ။သိပ်မကျယ်တဲ့ မြေပုံလေးထဲမှာ ကားကိုကြိုက်တဲ့နေရာ လျှောက်မောင်းလို့ရပြီး လမ်းကိုပိတ်ထားတဲ့ရဲကားတွေ၊တခြားကားတွေအများကြီးကို မတိုက်မိအောင် အတတ်နိုင်ဆုံးရှောင်ရှားရင်းမောင်းနေရမှာဖြစ်ပါတယ်။

Photo via Pixelbite

အဲ့လိုမောင်းနေရင်းနဲ့ မီးတိုင်တွေကိုဝင်တိုက်တာတွေ၊ကားကိုလေပေါ်ပျံအောင်မောင်းရတာတွေ၊သတ်မှတ်ထားတဲ့အချိန်ထိ ကားမပျက်စီးအောင်၊အဖမ်းမခံရအောင် မောင်းနှင်ရမှာတွေပါဝင်ပါတယ်။တိုက်မိတာတွေများလို့ ကားပျက်စီးသွားရင်ဖြစ်စေ၊ရဲကားတွေဝိုင်းတာကိုပြန်မထွက်နိုင်လို့ အဖမ်းခံရရင်ဖြစ်စေ အစကနေပြန်စဆော့ရမှာပါ။တောက်လျှောက် Drift ဆွဲနေရမဲ့ကားမောင်းဂိမ်းဖြစ်ပါတယ်။အက်ရှင်တွေ၊ကားပေါက်ကွဲတာတွေ၊ထောင်ချောက်တွေကိုပါ အများကြီးကြုံတွေ့ရမဲ့ဂိမ်းပါ။လမ်းပေါ်မှာ တခြားကားတွေလည်းအများကြီးရှိတာမလို့ လွယ်မလိုလိုနဲ့ Mission တစ်ခုလုပ်ဖို့ခက်ခဲတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

Gameplay Video

ရုပ်ထွက်ကတော့ Polygen ရုပ်ထွက်ကိုအသုံးပြုထားတာကြောင့် ချစ်စရာကောင်းပြီး အရောင်စုံစုံလင်လင်နဲ့ရုပ်ထွက်ကိုမြင်ရမှာပါ။Pixelbite ကထုတ်လုပ်ပေးထားတဲ့ ဒီဂိမ်းကို Android ပေါ်မှာရော၊iOS ပေါ်မှာအခမဲ့ဆော့ကစားနိုင်ပါတယ်။Android OS ပိုင်းမှာလည်း 4.3 သာလိုအပ်တာမလို့ ဖုန်းတော်တော်များများနဲ့ဆော့ကစားနိုင်မှာပါ။အင်တာနက်လည်းမလိုအပ်တဲ့ Offline ဂိမ်းဖြစ်ပါတယ်။ကိုယ်တိုင်က Drift ကောင်းကောင်းဆွဲလို့ရတဲ့ကားမောင်းဂိမ်းကိုရှာနေရင်ဖြစ်စေ၊ကလေးတွေဆော့ဖို့ဂိမ်းတစ်ခုရှာနေရင်ဖြစ်စေ၊အချိန်ဖြုန်းလို့ကောင်းတဲ့ဂိမ်းတစ်ခုရှာနေရင်ဖြစ်စေ Reckless Getaway 2 ဟာသင့်တော်တဲ့ရွေးချယ်မူတစ်ခုဖြစ်စေမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။