Miss Myanmar Charity Group (MMCG) အဖွဲ့ဝင် နန်းခင်ဇေယျက ကိုယ်ပိုင်သီအိုရီနဲ့အတူပရိသတ်ကြီးကိုထပ်မံဖမ်းစားလိုက်ပါတယ်။အဆိုပါစကားလုံးလေးကတော့ လူမှုကွန်ရက် သုံးစွဲသူတွေကြား နှစ်သက်အားပေးသူများလျှက်ရှိသလို တဖန်ပြန်လည် မျှဝေသူတွေလေးရှိပါတယ်။ 

အနုပညာအလုပ်တွေလုပ်ဆောင်နေသလို မကြခဏ ကောင်းမှုကုသိုလ်တွေ၊ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်လေ့ရှိတဲ့ နန်းခင်ဇေယျက “စိတ်ကူးနဲ့ ရူးပိုင်ခွင့် ရှိတယ်...၊အိမ်မက် မက် ပိုင်ခွင့်ရှိတယ်...#nkzy” ဆိုပြီး ကိုယ်ပိုင်သီအိုရီလေးကို ပရိသတ်ထံ ပို့ခဲ့ပါတယ်။အဆိုပါ စကားလုံးကို နှစ်သက်အားပေးသူ တစ်သောင်းကျော်ရှိပြီး တစ်ဆင့်ပြန်လည်မျှဝေသူတွေလည်းရှိပါတယ်။ 

လက်တလောမှာတော့ နန်းခင်ဇေယျလို အလှမယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Miss Myanmar Charity Group (MMCG) အဖွဲ့ အနေနဲ့တည်ထောင်သက်တမ်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အလှူကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။အထိမ်းအမှတ်အလှူအဖြစ် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ကနေမှ နောက်ထပ် (၁၄)မိုင် ထပ်သွားရတဲ့ (၆) နာရီကြာ မောင်းနှင်ရသော သိင်္ခရိုင် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းမှာရှိတဲ့ မိဘမဲ့ကလေးငယ်များ (၃၀၆) ဦးအတွက် လိုအပ်တဲ့ စာရေးကိရိယာပစ္စည်း၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသမီးအသုံးအဆောင်တွေအပါအဝင် ကျောင်းရဲ့နေ့စဉ်လိုအပ်တဲ့ ဆန်အိတ် (၁၀)အိတ်၊ ဆီ ပိသာ (၅၀) တို့ကို လှူဒါန်းခဲ့ပါတယ်။ အလှူနဲ့အတူ ကျောင်းရှိ ဘုန်းတော်ကြီး (၉)ပါးတို့ကိုပါ ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခဲ့သလို သံဃာတော်တွေနဲ့ ကလေးတွေအတွက် နေ့ဆွမ်းများ နေ့လည်စာများ ကျွေးမွေးလှူဒါန်းမှုများပြုလုပ်ခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက်အဖြစ် ကလေးတွေကို စနစ်တကျ လက်ဆေးနည်းနဲ့အတူ စိတ်ဓာတ်ခွန်အားပေးစကားတွေပြောကြားပေးခဲ့တယ်လို့သိရပါတယ်။

Aung

သတင်းအရင်းမြစ် နန်းခင်ဇေယျ ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။