လူကြိုက်များတဲ့ Battle royal ဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့ Free Fire ဂိမ်းဟာ နာမည်ကြီး K-pop အဖွဲ့တစ်ခုဖြစ်တဲ့ BTS အဖွဲ့နဲ့ Collaboration ပြုလုပ်မယ်လို့သိရပါတယ်။Garena Free Fire North America ရဲ့တွစ်တာအကောင့်ကနေ ဒီသတင်းကိုအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Free Fire ဟာမကြာခဏ နာမည်ကြီးပစ္စည်းတွေ၊အနုပညာရှင်တွေ၊နာမည်ကျော်တွေနဲ့ Collaboration လုပ်နေကျဖြစ်ပါတယ်။Collaboration တွေထဲမှာ In-game ပစ္စည်းတွေ၊စကင်တွေ၊အဝတ်အစားတွေနဲ့ တခြားဆုလက်ဆောင်တွေပါဝင်ပါတယ်။

Photo via InsideSport

လက်ရှိမှာ‌တော့ Collaboration နဲ့ပတ်သက်ပြီး ဘာမှအသေးစိတ်မသိရသေးပါဘူး။Garena Free Fire ရဲ့တွစ်တာအကောင့်မှာ‌တော့ BTS အဖွဲ့ဝင်တွေအကုန်လုံးရဲ့ပုံကို တင်ထားတာတွေ့ရမှာပါ။“မကြာခင်ရောက်ရှိလာမည်”ဆိုတဲ့ စာတန်းကိုလည်းတွေ့ရပါတယ်။ပုံကိုကြည့်ရပုံအရတော့ Free Fire မှာရော၊Free Fire MAX မှာပါ Event ပါဝင်မှာပါ။

Photo via AFK Gaming

Free Fire ဂိမ်းမှာ BTS ပါဝင်လာမယ်ဆိုတဲ့သတင်းကြောင့် BTS Army တွေကစိတ်လှုပ်ရှားနေကြပြီး Free Fire ကစားသူတွေကလည်း ဆုလက်ဆောင်အသစ်တွေ ပါဝင်လာမှာဖြစ်တာကြောင့် အဆိုပါ Collaboration ကိုစောင့်မျှော်နေကြပါတယ်။ဘယ်လိုအမိုက်စားပုံစံတွေနဲ့ Event ဖြစ်လာမလဲဆိုတာကိုတော့ ထွက်လာမှသာစောင့်ကြည့်ရမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။