၂ နှစ်တိုင်အောင် အောင်မြင်မှုတွေဆွတ်ခူးရရှိပြီးနောက်မှာ တောင်ကိုရီးယားမင်းသမီး Han So Hee တစ်ယောက် အပန်းဖြေဇိမ်ခံအိမ်ကြီးကို ဝယ်ယူနိုင်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတောအတွင်းမှာ တောင်ကိုရီးယားမင်းသမီး Han So Hee ဟာ The World of the Married ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့သလို Nevertheless နဲ့ My Name ဇာတ်လမ်းထဲမှာလည်း အောင်မြင်မှုရကာ နာမည်ကြီးခဲ့ပါတယ်။ Han Soe Hee ဟာ သူမရဲ့ လှပတဲ့ရုပ်ကလေးနဲ့ ခပ်တည်တည်မျက်နှာထားလေး ကြောင့် ဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုရခဲ့သလို နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ မဂ္ဂဇင်းတွေမှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google

အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ရဲ့ အဆိုအရ Han So Hee ဟာ Gyeonggi ပြည်နယ် ၊ Acheon ရပ်ကွက်က VilladegreeumW ဧရိယာမှာရှိတဲ့ ၂၇၄ စတုရန်းမီတာကျယ်ဝန်းတဲ့ အိမ်ကြီးကို ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဈေးနှုန်းက ၁.၉၅ ဘီလီယံဝမ်ဖြစ်ပြီး ဟန်ဆိုဟီးက ငွေချေးငွေ တစ်ပြားမှမယူဘဲ အခုလ ၁၅ ရက်နေ့မှာ တစ်လုံးတည်း ငွေချေခဲ့တယ်လို့ သိရပါတယ်။

Google

VilladegreeumW ဧရိယာက Archwool ရွာထဲမှာရှိတာကြောင့် Han So Hee ရဲ့ အိမ်အသစ်က မကြာခင်လက်ထပ်ကြတော့မယ့် နာမည်ကြီးစုံတွဲ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ အိမ်နားမှာဖြစ်ပါတယ်။ ဒါကြောင့် Han So Hee က BinJin စုံတွဲရဲ့ အိမ်နီးနားချင်းတစ်ယောက်ဖြစ်လာမှာပါ။

Google

ဒါ့အပြင် Oh Yeon Seo နဲ့ Park Jin Young (JYP) တို့ရဲ့ အိမ်တွေကလည်း သူမဝယ်ယူလိုက်တဲ့အိမ်ရဲ့ အနီးအနားမှာပဲရှိပါတယ်။ အဲဒါကြောင့် အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်အကြီးကြီးဝယ်ယူနိုင်တဲ့ မင်းသမီး Han So Hee ကို ပရိသတ်တွေက ချီးကျူးနေပြီး သူမရဲ့ အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာမှုကိုလည်း လူအများက အားကျနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။