တောင်ကိုရီးယားသရုပ်ဆောင်တွေဟာ ရုပ်ရည် ချောမောသလောက် သရုပ်ဆောင်လည်း အရမ်းကောင်းကြတဲ့သူတွေဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အများကြီးကို ရရှိပိုင်ဆိုင်ထားကြတဲ့ တောင်ကိုရီးယား သရုပ်ဆောင်တွေမှာလည်း အခုလိုအနုပညာလမ်းကြောင်းထက်ဆီကိုရောက်ရှိဖို့အတွက် စတင်ခဲ့တဲ့ ဇာတ်လမ်း ဆိုတာရှိပါတယ်။ အခု သူတို့ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်။

Choi Woo Sik

Google

Our Beloved Summer ရဲ့ အဓိကသရုပ်ဆောင် Choi Woo Sik ဟာ သရုပ်ဆောင်တစ်ယောက်ထက် နောက်ကွယ်က ရိုက်ကူးရေးအလုပ်တွေကို ပိုပြီးစိတ်ဝင်စားတဲ့သူဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်ဆီကို ရောက်ရှိလာတဲ့ အကြောင်းအရင်းကတော့ Choi Woo Sik  ရဲ့ ရည်းစားဟောင်းကောင်မလေးက Choi Woo Sik ကို “နင့်လို မျက်ရစ်မပါတဲ့သူတွေက ကိုရီးယားမှာ နာမည်ကြီးကြတယ်။ Bi Rain နဲ့ Lee Jun Ki တို့လိုပေါ့။ သူတို့လည်း မျက်ရစ်မပါကြဘူးနာမည်ကြီးကြတယ်။” လို့ ပြောတာကြောင့် အနုပညာလောကထဲ ရောက်ရှိလာခဲ့တာလို့ဆိုပါတယ်။ ဒါကြောင့် Choi Woo Sik က စိတ်ကူးထားတဲ့ ဒါရိုက်တာအလုပ်ထက် သရုပ်ဆောင်အလုပ်ကို အရင်လုပ်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Google

ရည်းစားဟောင်းကောင်မလေးရဲ့ တွန်းအားပေးမှုကြောင့်သာ မဟုတ်ရင် အခုလို ပရိသတ်တွေရှေ့မှာတွေ့နေတဲ့ မင်းသား Choi Woo Sik ဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ Choi Woo Sik ကဆိုပါတယ်။

Shin Hye Sun

Google

တောင်ကိုရီးယားမင်းသမီး Shin Hye Sun အနုပညာလောကထဲ စတင်ရောက်ရှိလာရတဲ့ အကြောင်းအရင်းက Hyun Bin ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Sin Hye Sun က သူမကလေးဘဝတုန်းက Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ Autumn in My Heart ဇာတ်လမ်းတွဲကိုကြည့်ပြီး Hyun Bin ကို အရူးအမူး သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သူမက ဆိုပါတယ်။ Shin Hye Sun ဟာ Hyun Bin ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး Hyun Bin ကို သဘောကျလွန်းလို့ တီဗီကြည့်နေရင်းနဲ့တောင် ရင်တွေခုန်လာလို့ ဆက်မကြည့်နိုင်လောက်တဲ့ အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Hyun Bin ကြောင့်သာ Shin Hye Sun ရဲ့ အနုပညာရှင်ဖြစ်ချင်တဲ့ အိမ်မက်က ပိုပြီးကြီးလာတာဖြစ်တယ်လို့ သူမကဆိုပါတယ်။

Google

Song Kang

Google

အခု ၂၂ ရာစုမှာ နောက်ထပ် နာမည်ကြီးလာတဲ့ မင်းသားလေးကတော့ Song Kang ပဲဖြစ်ပါတယ်။ Song Kang က သူ့ရဲ့ ယောကျာ်းပီသပြီး ချောမောလှပတဲ့ မျက်နှာထားလေးကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့သူဖြစ်ပါတယ်။ Song Kang မှာလည်း သရုပ်ဆောင်တစ်ယောက်မဖြစ်လာခင်က အနုပညာလောကထဲဝင်မယ်ဆိုတဲ့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ အထက်တန်းအောင်တဲ့အထိ Song Kang မှာ ဘာလုပ်ချင်လဲဆိုတဲ့ စိတ်ကူး မရှိခဲ့ပါဘူး။ တစ်နေ့မှာ Song Kang က တိုင်တန်းနစ် ရုပ်ရှင်ဇာတ်ကားကို ကြည့်မိပြီး Leonardo DiCaprio ရဲ့ မျက်လုံးတွေကို ကြွေဆင်းသွားတယ်လို့ သိရပါတယ်။ Song Kang ရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာချင်တဲ့စိတ်ကူးက အဲဒီကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Song Kang တစ်ယောက် Konkuk တက္ကသိုလ်ရဲ့ အနုပညာဌာနမှာ ဝင်ခွင့်ဖြေဆိုပြီး အခုလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာပါ။

Google

Jang Dong Yoon

Google

Jang Dong Yoon ရဲ့ အဖြစ်ကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Jang Dong Yoon က အနုပညာကျောင်းဆင်းမဟုတ်သလို အနုပညာလောကနဲ့ ဘာမှပတ်သတ်မှုမရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူရရှိထားတဲ့ဘွဲ့ကလည်း စီးပွားရေးဘွဲ့ဖြစ်ပါတယ်။ သူ့ဘဝထဲကို ထူးဆန်းတဲ့ ဖြစ်ရပ်ကြီးမရောက်လာခင်အထိ Jang Dong Yoon က ရိုးရိုးသာမန်လူတစ်ယောက်ပါပဲ။ Jang Dong Yoon တစ်ယောက်လမ်းလျှောက်နေရင်းနဲ့ စတိုးဆိုင်တစ်ဆိုင်ထဲက ဝန်ထမ်းကို ဓားပြတိုက်နေတာတွေ့ခဲ့ပါတယ်။ အဲဒီမြင်ကွင်းကို တွေ့တွေ့ချင်းမှာ Jang Dong Yoon တစ်ယောက်လုံးဝသည်းမခံနိုင်ဘဲ ဓားပြကိုဖမ်းခဲ့ပါတယ်။ Jang Dong Yoon ရဲ့ သတ္တိရှိလှတဲ့ပုံရိပ်က ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး တီဗီအင်တာဗျူးတွေမှာလည်း Jang Dong Yoon ရဲ့ ပုံရိပ်က ပျံ့နှံ့လာခဲ့ပါတယ်။စိတ်ဓာတ်လေးကလည်းကောင်း။ ရုပ်လေးကလည်းချောတာကြောင့် ချက်ချင်းဆိုသလို Jang Dong Yoon ရဲ့ ပရိသတ်တွေ အများကြီးဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ Jang Dong Yoon တစ်ယောက် သရုပ်ဆောင်လောကထဲကို ရောက်လာတာဖြစ်ပါတယ်။

Google

နာမည်ကြီးတောင်ကိုရီးယား အနုပညာရှင်တွေရဲ့ အနုပညာလောကထဲရောက်လာပုံ ဇာတ်လမ်းလေးတွေကတော့ တကယ်ကို မရိုးရပါဘူးနော်။ အရမ်းကို ချစ်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းလှပါတယ်။

Source – Kbizoom

Image - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။