တောင်ကိုရီးယားမင်းသမီး Seo Ye Ji ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူနဲ့ အငြင်းပွားစရာ ကိစ္စတွေ လူသိရှင်ကြားဖြစ်ပြီးတဲ့နောက်မှာ အနုပညာလှုပ်ရှားမှုတွေကနေ ခေတ္တပျောက်ကွယ်သွားခဲ့ရတဲ့သူ့ဖြစ်ပါတယ်။

Google

Dispatch က ပြီးခဲ့တဲ့နှစ်တုန်းက Seo Ye Ji နဲ့သူမရဲ့ ရည်စားဟောင်း ဖြစ်သူ Kim Jung Hyun ရဲ့ မက်ဆေ့ချ်တွေကို ဖွင့်ချခဲ့ပါတယ်။

Google
Google

မက်ဆေ့ချ်တွေထဲမှာ Seo Ye Ji က မင်းသား Kim Jung Hyun အပေါ်လွှမ်းမိုးမှုရှိနေတဲ့ စာသားတွေ ပါဝင်နေပြီး အဲဒီအချိန်တုန်းက မင်းသား Kim Jung Hyun  ပါဝင်ထားတဲ့ “Time” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို ပြောင်းခိုင်းတဲ့အထိ ခိုင်းစေမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ခဲ့ပါတယ်။

Google

အဲဒီအချိန်တုန်းက Dispatch ရဲ့ စွပ်စွဲချက်ကို Seo Ye Ji ဘက်က ဖြေရှင်းချက်တစ်ခုမှ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ OCN ဒရမ်မာ “Island” ထဲက နှုတ်ထွက်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

Google

သတင်းတွေထွက်ရှိပြီး ၁၀ လအကြာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှာတော့ Seo Ye Ji ဘက်ကနေ တောင်းပန်တဲ့စာထွက်ရှိလာခဲ့ပါတယ်။

တောင်းပန်စာအပြည့်အစုံလေးကို အောက်မှာ ဘာသာပြန်ပေးထားပါတယ်။

Google

"မင်္ဂလာပါ။ ကျွန်မက Seo Ye Jin ဖြစ်ပါတယ်။

ဦးစွာပထမဦးဆုံး ကျွန်မရဲ့ခံစားချက်တွေကို ဖော်ပြတာ အရမ်းနောက်ကျသွားတဲ့အတွက် တောင်းပန်လိုပါတယ်ရှင်။ လူအများရဲ့ ကဲ့ရဲ့ ရှုတ်ချမှုတွေ ၊ အပြစ်တင်မှုတွေအများကြီးခံခဲ့ရတဲ့အတွက် ကျွန်မ အခုအချိန်ထိကိုယ့်ကိုယ်ကို ပြန်စဉ်းစားဖို့ အချိန်ယူခဲ့ရပါတယ်။ 

ကျွန်မရဲ့ချို့ယွင်းချက်များကြောင့် လူအများကို စိတ်မသက်မသာဖြစ်စေခဲ့တယ်ဆိုရင်လည်း ကျွန်မဒီကနေပဲတောင်းပန်ပါရစေရှင်။ အားလုံးကို စိတ်ပျက်စေခဲ့တဲ့အတွက်လည်း ထပ်ပြီးတော့ တောင်းပန်လိုပါတယ်ရှင်။

အားလုံးကကျွန်မရဲ့ မရင့်ကျက်မှုတွေကြောင့် ဖြစ်လာတာပါ။ ရင့်ကျက်တဲ့ပုံစံ ပြနိုင်ဖို့အတွက် နောင် အနာဂတ်မှာ ကျွန်မ ပိုပြီးဂရုစိုက်ပြီး ကြိုးစားသွားပါ့မယ်ရှင့်။”

Google

စာလေးထဲမှာ Seo Ye Ji တစ်ယောက် အတတ်နိုင်ဆုံးအားတင်းပြီး အရဲစွန့်တောင်းပန်ထားတာကို တွေ့ရှိရမှာပါ။ ပရိသတ်တွေရဲ့ ပြောဆို ဆဲဆိုမှုတွေကို အတတ်နိုင်ဆုံး ရင်ဆိုင်ပြီး အဆင်သင့်ဖြစ်မယ်လို့ထင်ရတဲ့ ၁၀ လကြာကာလမှာ Seo Ye Ji တစ်ယောက် အခုလို တောင်းပန်စာလေးကို ရေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဒေါသတွေလည်း အမြန်ဆုံး ပြေပျောက်ပြီး Seo Ye Ji လေးကို အရင်လို ပြန်ချစ်နိုင်ကြဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Google

သတင်းအရင်းမြစ်: Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။