ရုရှားမော်ဒယ် သရုပ်ဆောင် Natalya Ilina Mahajan ဟာဆိုရင် အိန္ဒိယပါလီမန်ရေးရာ ဝန်ကြီးဟောင်းရဲ့ သားဖြစ်သူနဲ့ လက်ထပ်ထားတဲ့သူဖြစ်ပါတယ်။

Google

သူမရဲ့ ခင်ပွန်းဖြစ်သူက နာမည်ကြီးအစီအစဉ်တင်ဆက်သူ Rahul Mahajan ဖြစ်ပါတယ်။ Natalya Ilina က ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တာနဲ့ ပတ်သတ် ပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ အခုလို ပြောလာပါတယ်။

Instagram

“ကျွန်မရဲ့ ဖခင်ဘက်က အဘွားဖြစ်သူက ရုရှားလူမျိုးဖြစ်ပြီး အဘိုးဖြစ်သူက ဂျာမန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မရဲ့ မိခင်ဘက်က အဘိုးက  ရုရှားလူမျိုးတစ်ယောက်ဖြစ်ပြီး အဘွားဖြစ်သူက ယူကရိန်းနိုင်ငံသားဖြစ်ပါတယ်။ ကျွန်မတို့ မိသားစုက ဒုတိယကမ္ဘာစစ် မှီခဲ့တာကြောင့် အခုလို ရုရှားလူမျိုးတွေ ယူကရိန်းနိုင်ငံကို ကျူးကျော်တာကို မြင်ရတာ ကျွန်မမိသားစုကို လာရောက်တိုက်ခိုက်သလို ခံစားရပါတယ်။ ကျွန်မနှလုံးသားတွေ တစ်စစီကြေကွဲသွားသလိုပါပဲ။ အခုကိစ္စက တိတ်ဆိတ်နေဖို့လည်းခက်တယ်။ မှတ်ချက်ပြုဖို့လည်း ခက်ပါတယ်။ ဒီအခြေအနေကြီးကို အရမ်းစိတ်ထိခိုက်မိတယ်။ ကျွန်မ အခုသတင်းတွေကို လိုက်စောင့်ကြည့်နေတယ်။ ယူကရိန်းနိုင်ငံထဲက ကျွန်မရဲ့ သူငယ်ချင်းတွေသတင်းကို နားစွင့်နေတယ်။ ကျွန်မ ဘယ်သူ့ဘက်မှ လိုက်တာမဟုတ်ပါဘူး။ ကျွန်မက လူသားဆန်မှုဘက်ကပဲ ရပ်တည်တာပါ။ ကျွန်မက ရုရှားလူမျိုးတစ်ယောက်ဖြစ်သလို ယူကရိန်းလူမျိုးလည်းဖြစ်ပါတယ်။ ဂျာမန်လူမျိုးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ကျွန်မ အကုန်လုံးဘက်မှာ ရပ်တည်တယ်။ တည်ငြိမ်ပြီး အေးချမ်းပြီး စစ်ပွဲတွေမရှိဖို့ ဆုတောင်းပါတယ်။”

Instagram
Instagram

Natalya Ilina ဟာလက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ထားတဲ့ပြီး အိန္ဒိယနိုင်ငံမှာနေထိုင်နေတဲ့သူဖြစ်ပါတယ်။ ရုရှားလူမျိုး အဖြစ် လူသိများထားတဲ့ Natalya Ilina ရဲ့ ကြားနေဝါဒဆန်တဲ့ သဘောထားဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုများပြားလျက်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။