ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဟာ ကမ္ဘာကြီးတစ်ခုလုံးအပေါ် တုန်လှုပ်ခြောက်ခြားသွားစေပါတယ်။ ယူကရိန်းနိုင်ငံပြည်သူတွေဟာ တိုင်းတစ်ပါး အကူအညီကိုစောင့်မျှော်နေတာထက် ကိုယ်တိုင်ကိုယ်ကျ လက်နက်ကိုင် တိုက်ပွဲဝင်သွားမည့် ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင် ယူကရိန်းပြည်သူတိုင်းလိုလို လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အတွက် ရွေးချယ်ခဲ့ကြပြီပဲဖြစ်ပါတယ်။ ဒီအထဲမှာ ယူကရိန်းအလှမယ်ဟောင်း Anastasia Lenna လည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

Instagram

အလှမယ် Anastasia Lenna ဟာ ၂၀၁၅ ခုနှစ်မှာ ယူကရိန်းနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Anastasia Lenna က အလှမယ်ဘွဲ့ကိုစွန့်လွှတ်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ လက်နက်ကိုင်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဝေမျှခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ အခုလိုစာသားလေးကိုလည်း ရေးတင်ထားပါတယ်။

Instagram

"ယူကရိန်းရဲ့နယ်နိမိတ်ထဲကို ရည်ရွယ်ချက်ရှိရှိ ကျူးကျော်ဝင်ရောက်လာသူမှန်သမျှ အသက်ခံရမယ်"

Instagram

Anastasia Lenna က စစ်ပွဲကိုမလိုလားတဲ့သူဖြစ်သလို စစ်ပွဲကိုမကြိုက်တဲ့သူဖြစ်ပေမယ့်လည်း ရုရှားရဲ့ ကျူးကျော်စစ်ကို လက်မခံနိုင်တာကြောင့် အခုလို တိုင်းပြည်အတွက် အသက်ကိုပေးပြီး ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Instagram

နိုင်ငံခြားသွား ထွက်ပြေးတိမ်းရှောင်ဖို့လမ်းစဉ်ကို မရွေးချယ်ခဲ့ဘဲ နောက်ဆုံးအချိန်အထိ ကိုယ့်တိုင်းပြည်မှာပဲနေပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ အလှမယ်တစ်ယောက် ဖြစ်တာကြောင့် Anastasia Lenna ရဲ့ သတ္တိကို လူအများက ချီးကျူးနေကြပါတယ်။

Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။