သူငယ်ချင်း ၅ ယောက်နဲ့အတူ လှေစီးကျရင်း ကျောက်ဖုရားမြစ်ထဲကို ပြုတ်ကျသွားတဲ့ ထိုင်းနာမည်ကြီးမင်းသမီး Tangmo ရဲ့ ရုပ်အလောင်းကို မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ရှာတွေ့ခဲ့ပါတယ်။

Photo - Credit

သမီးဖြစ်သူရဲ့ အလောင်းကို တွေ့တွေ့ချင်းမှာ Tangmo ရဲ့ မိခင်ဟာ ယူကြုံးမရ ဖြစ်ကာ ငိုကြွေးပြီး မူးလဲကျသွားခဲ့ပါတယ်။

Photo - Credit

မိခင်ဖြစ်သူ Panita Siriprayuthyothin ကတော့ ဒီကိစ္စက သွေးရိုးသွေးတန်း မဖြစ်နိုင်တာကြောင့် အမှုကိုသေချာလေး ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုထားပါတယ်။

Photo - Credit

Tangmo ရဲ့ ကောင်လေးကလည်း သူ့ချစ်သူကောင်မလေး ကိစ္စအတွက် ယူကြုံးမရဖြစ်နေပြီး သတင်းစကြားကြားချင်း ညဘက်မှာတင် မြစ်ကမ်းနားမှာ ထိုင်စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။

Instagram

Tangmo က သူတို့နှစ်ဦး အတူတူရှိကြတဲ့ ပုံရိပ်လေးတွေကို မကြာခဏ တင်ပေးလေ့ရှိပြီး Valentine’s Day မှာရော လွယ်ကထုတ်မီးမျှောပွဲမှာရော သူတို့ နှစ်ဦးက အတူတူရှိခဲ့ကြတာပါ။

Instagram

အလောင်းရရချင်းမှာပဲ ချစ်သူကောင်လေးရဲ့ ကြေကွဲဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။Tangmo ရဲ့ ချစ်သူကောင်လေးဟာ နာမည်ကြီးမဟုတ်တဲ့သူဖြစ်ပြီး သူ့ကောင်မလေး သေဆုံးသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ယူကြုံးမရ ဖြစ်ခဲ့တာကို ပုံလေးတွေက သက်သေပြနေခဲ့ပါတယ်။

Photo - Credit
Photo - Credit

Tangmo ဟာ စက်လှေပေါ်မှာ သူငယ်ချင်း ၅ ယောက် (ယောကျာ်းလေး ၂ ယောက် ၊ မိန်းကလေး ၃ယောက်)နဲ့ အတူတူရှိနေခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့လှေကို စစ်ဆေးချက်အရ လှေပေါ်မှာ ဝိုင်ပုလင်းတွေပါရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် Tangmo ကျောက်ဖုရားမြစ်ထဲပြုတ်မကျခင်မှာ အရက်သောက်ထားသေးတယ်လို့ သုံးသပ်ထားကြပါတယ်။ 

Photo - Credit

Tangmo ဟာ အခုကိစ္စမတိုင်ခင်မှာလည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ ၊ မတော်တဆဖြစ်မှုတွေနဲ့ ခဏခဏ ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Tangmo ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့တော့ပါဘူး။ Tangmo ဟာ အသက်က ၃၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

Instagram

 Tangmo က The Fallen Leaf ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် နီရာရဲ့ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လူသိများတဲ့ မင်းသမီးဖြစ်တာကြောင့် သူမရဲ့ သတင်းတွေကို စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။