တတိယကမ္ဘာစစ်ကြီးဖြစ်လာစေရန် မီးမွှေးနေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ဗလာဒီမီရိုဗစ်ချ်ပူတင် ဟာ ရုရှားနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ ပူတင်ဆီမှာသမီးနှစ်ယောက်ရှိပြီး အမျိုးသမီးဖြစ်သူ လျူဒမီလာ ပူတင် နဲ့ ၂၀၁၄ ခုနှစ်ကကွာရှင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပူတင်မှာ တရားဝင်ယူထားတဲ့ မိန်းမရယ်လိုတော့ မရှိပါဘူး။

Google
Google

ပူတင်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကတစ်ကြိမ် ၊ ၂၀၁၂ ခုနှစ်ကနေ လက်ရှိအထိ တစ်ကြိမ် ရုရှားနိုင်ငံသမ္မတဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ သမ္မတမဖြစ်ခင်က ပူတင်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ ရုရှားနိုင်ငံ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

ပူတင်ဟာ ကေဂျီဘီအရာရှိတစ်ဦးလည်း ဖြစ်ခဲ့ဖူးတဲ့သူဖြစ်ပြီး ၁၉၈၅ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ကေဂျီဘီ က ပူတင်ကို အရှေ့ ဂျာမနီနိုင်ငံ ဒရက်စဒန်မြိုမှာ တာဝန်ချထားခဲ့ဖူးပါတယ်။ ရလိုစိတ်ကြီးတဲ့ပူတင်ဟာ ထိုအလုပ်ကို မဖြစ်စလောက်အလုပ်လေးလိုတွေးခဲ့ပါတယ်။

Google

ပူတင်တစ်ယောက် ၁၉၉၀ခုနှစ် ဇွန်လမှာလည်း လီနင်ဂရက်စတိတ် တက္ကသိုလ်ရဲ့ နိုင်ငံတကာရေးရာဌာနမှာ အလုပ်လုပ်ခဲ့ပြီး လက်ထောက်မော်ကွန်းထိန်းလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

ပူတင်ဟာ ၁၉၉၁ ဇွန်လမှာလည်း  စိန့်ပီတာစဘတ်ခ်မြို မြိုတော်ဝန်ရုံး နိုင်ငံတကာကော်မတီမှာ  ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီမှာ ပူတင်လုပ်ရတဲ့ အဓိကတာဝန်က နိုင်ငံတကာဆက်ဆံရေး တိုးတက်ဖိုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးပွားအောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

Google

အတွေ့အကြုံတွေအရ ပူတင်ဟာနိုင်ငံရေးလောက မှာကျင်လည်နေတာ အံတိုနေတဲ့သူဖြစ်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သတ်ပြီး ဆရာကျတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

Google

သူ့ရဲ့ မာန်နဲ့ စာနာမှုမရှိတဲ့ လောဘ ကြောင့် မိစ္ဆာတစ်ယောက်ဖြစ်နေခဲ့တဲ့ ပူတင်ကြီးဘယ်တော့များမှ သူ့ရဲ့ လောဘတွေ အဆုံးသတ်နိုင်မလဲနော်.. အာဏာရှင်ဆို ဘယ်အာဏာရှင်မှ မကောင်းတာကြောင့် ပူတင်ကြီးလည်း ဘယ်တော့များမှ မာန်လျော့မလဲ တွေးတော့ရင်း ဗဟုသုတရဖွယ် အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။