ပင်ပန်းနွမ်းနယ်နေတဲ့ ကြိုးတစ်ချောင်းဟာ တောထဲမှာ ရက်အတော်ကြာ ခရီးသွားနေခဲ့ပါတယ်။ သူဟာ ကြမ်းတမ်းတဲ့ လမ်းများကို ဖြတ်ကျော်ကာ စိမ်းလန်းစိုပြေတဲ့ တောအုပ်များကို ဖြတ်ကျော်ခဲ့ပါတယ်။ ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီးနောက် ကြယ်ရောင်တောက်နေတဲ့ ကောင်းကင်အောက်တွင် အိပ်ပျော်သွားခဲ့ပါတယ်။

သူ့ခရီးက ပြီးဆုံးခါနီးမှာ သူမြင်ရတဲ့ တစ်ခုတည်းသော Bar နားကို ဖြတ်သွားပါတယ်။ သူဟာရေဆာနေခဲ့တာကြောင့် ရေခဲရေအေးအေးလေး သောက်ထယချင်နေတာနဲ့ တံခါးကို ဖွင့်ပြီး ၀င်သွားခဲ့ပါတယ်။ ကြိုးလေးဟာ Bar နားကုိ ချဉ်းကပ်လာတာနှင့်အမျှ Bartender ဟာသူ့ကိုကြည့်ကာ "မင်းထွက်သွားရမယ်၊ ငါတို့က ဒီမှာ ကြိုးတွေကို ၀န်ဆောင်မှုမပေးဘူး!" လို့ပြောလိုက်တာကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ကြိုးလေးလည်း လှည့်ထွက်သွားခဲ့ပါတယ်။

ကြိုးစားခြင်းကြောင့် ကျရှုံးမည့်သူမရှိဆိုသလို ကြိုးလေးဟာ အပြင်ဘက်တွင် ခဏရပ်ကာ တွေးနေမိပါတယ်။ ထို့နောက် ဆံပင်ကို အလျင်စလို ဖြည်လိုက်ပြီး သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ ကြိုးချည်ကာ ပြန်ဝင်လာခဲ့ပါတယ်။ ဘားသမားက သူ့ကို ဒုတိယအကြိမ်တွေ့တော့ အံ့ဩသွားတယ်။ သူ့အသွင်အပြင် အနည်းငယ်ပြောင်းလဲသွား‌ေပမယ့်လည်း ယေဘုယျအားဖြင့်တော့ အတူတူပါပဲ။ သူ့ကို စိုက်ကြည့်ရင်း ဘားသမားက “မင်းက ကြိုးတစ်ချောင်းလား!” လို့ မေးလိုက်ပါတယ်။ ကြိုး‌ေလးက "မဟုတ်ဘူး၊ ငါက ကြိုးထုံးလို့" ဆိုပြီး ပြန်ဖြေလိုက်ပါတော့တယ်။

သတင်းအရင်းမြစ်: Rvc outdoor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။