မကြာသေးမီက ဂျော်ဂျီယာနိုင်ငံ၊ Pine Mountain တွင် စခန်းချသူအုပ်စုတစ်စုရှိခဲ့ပါတယ်။ သူတို့ဟာ တစ်ပတ်လုံးလုံး စခန်းချရန် စီစဉ်ခဲ့ကြပြီး မိဘများက သူတို့သွားမယ့်နေရာကုိ လိုက်ပို့ခဲ့တာကြောင့် အိမ်ပြန်ဖို့ ကား‌ေတာ့မရှိပါဘူး။ သူတို့တွေကတော့ ဒါကို ကောင်းမယ်လို့ ထင်ခဲ့ကြပါတယ်။ သို့သော် ပထမညတွင်ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ မုန်တိုင်းဟာ သူတို့ရဲ့စခန်းကို စတင်တိုက်ခဲ့ပါတယ်။ လေနဲ့အတူ သူတို့ရဲ့ ရိက္ခာတွေ အားလုံးပါသွားပါတော့တယ်။ သူတို့ရဲ့ ထင်း၊ စားစရာ၊ ကျောပိုးအိတ်တွေ၊ တဲအပြင်ဘက်မှာ ထားထားတဲ့ ရွှံ့တောင်တက်ဖိနပ်တွေတောင် ပါသွားပါတယ်။ အရာအားလုံးနီးပါးပါပဲ။

နံနက်ခင်းတွင် သူတို့ဟာ ပျက်စီးနေတဲ့ စခန်းကို လှည့်ပတ်ကြည့်ရှုခဲ့ရာ ရိက္ခာမရှိသလောက်ဖြစ်နေတဲ့အပြင် တောထဲတွင် တစ်ပတ်ကြာအောင် နေရမယ်မှန်း သိလိုက်ရပါတယ်။ သူတို့ဟာ ပတ်ပတ်လည်တွင် ပြန့်ကျဲနေတဲ့ အရာများကို စုဆောင်းရန် ကြိုးစား‌ေပမယ့်လည်း တစ်ပတ်တာ ဖြတ်သန်းရန် စားနပ်ရိက္ခာ သို့မဟုတ် ထင်းအလုံအလောက်မရှိတဲ့အပြင် တောင်တက်ဖိနပ်မပါဘဲ စခန်းချတဲ့နေရာမှ ဝေးဝေးသို့ မသွားနိုင်ပေ။ မုန်တိုင်းကြောင့် အနီးနားရှိ သစ်သားအားလုံးဟာ မီးလောင်ဖို့ မလွယ်ကူပါဘူး။

ဒုတိယညတွင် သူတို့ဟာ ဗိုက်ဆာကာ တဲထဲသို့ တွားသွားပြီး အိပ်ရန် ကြိုးစားကြပါတယ်။ သောမတ်စ်အမည်ရှိ ကောင်လေးတစ်ယောက်ကတော့ အပြင်ဘက်မှာ လှည့်ပတ်သွားလာနေတဲ့ တစ်စုံတစ်ယောက်ရဲ့အသံကြောင့် ညလယ်တွင် နိုးလာပြီး သူ့တဲအတွင်းကုိ အလင်းရောင်တစ်ခု ထိုးနေခဲ့ပါတယ်။ သောမတ်စ်လည်း ထူးဆန်းတဲ့ အလင်းရောင်နှင့် အသံကို အလွန်ကြောက်လန့်သဖြင့် သူဟာ အပြင်ကဘယ်သူလဲဆိုတာကို သိရန် သူရဲ့တဲထဲကနေ ချောင်းကြည့်ဖို့ ၁၀မိနစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူမှ ရှိမနေခဲ့ပါဘူး။

နောက်တစ်နေ့နံနက်တွင် စခန်းချသူများဟာ သူတို့အအေး‌ေသတ္တာကုိ‌ တွေ့လိုက်ရပြီး ထူးထူးခြားခြားထင်းခြောက်ပုံကြီးတစ်ပုံရဲ့ဘေးမှာ မဖွင့်ရသေးတဲ့ ဟော့ဒေါ့အထုပ်တစ်ခု ရှိနေတာကုိ တွေ့ရှိခဲ့ရပါတယ်။ စခန်းချသူ သူတို့အုပ်စုဟာ စိတ်ရှုပ်ထွေး‌‌ေပမယ့်လည်း ရွှင်မြူးကြပြီး အရသာရှိတဲ့ မနက်စာကို အမြန်စီစဉ်လိုက်ကြပါတယ်။ တတိယညတွင် သူတို့တဲထဲသို့ တွားသွားကာ အိပ်ပျော်သွားကြပါတယ်။ သို့သော် တစ်ဖန်၊ သောမတ်စ်ဟာ မနေ့ညကလို့ပဲ အပြင်ကလူတစ်ယောက်နဲ့ထူးဆန်းတဲ့အလင်းရောင်ကြောင့် နိုးလာခဲ့ပါတယ်။ တစ်ဖန် သူဟာ ထိတ်လန့်သွား‌ေပမယ့်လည်း နောက်ဆုံးတွင် ဓာတ်မီးထိုးထားတဲ့ သူငယ်ချင်းဟုတ်မဟုတ်ကို ချောင်းကြည့်မိပါတယ်။ ဘယ်သူမှ ရှိမနေပြန်ပါဘူး။

မနက်ခင်းမှာတော့ သူတို့ရဲ့ ကျောပိုးအိတ်တွေဟာ ခြောက်သွေ့ပြီး ရွက်ဖျင်တဲအပြင်မှာ ထုပ်ပိုးထားတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ ချိစ်တစ်တုံးနဲ့အတူ ထင်းခြောက်ပုံးလေးတွေနဲ့အတူ သပ်ရပ်စွာ ထုပ်ပိုးထားတာကို တွေ့လိုက်ရပါတယ်။ ဝမ်းသာ‌ေပမယ့်လည်း ဇဝေဇဝါဖြစ်ပြီး အုပ်စုလိုက် နံနက်စာစားပြီးနောက် ဖဲကစားနေခဲ့ကြပါတယ်။ စတုတ္ထညတွင် တဲထဲသို့ ပုံမှန်အတိုင်း တွားသွားကာ အိပ်ပျော်သွားကြပါတယ်။ တစ်ဖန် သောမတ်စ်ဟာ အသံနှင့် ကြောက်မက်ဖွယ်အလင်းရောင်ကြောင့် နိုးလာပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူဟယ တောအုပ်ထဲကို ပြေးဆင်းသွားတဲ့ လူငယ်လေးရဲ့ တောက်ပြောင်တဲ့ ရုပ်သွင်ကို မြင်လိုက်ရပါတယ်။

နံနက်ခင်းတွင် သူတို့ရဲ့တဲအပြင်ဘက်တွင် တောင်တက်ဖိနပ်များ၊ စွပ်ပြုတ်ဗူးအနည်းငယ်နှင့် ထင်းခြောက်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပြီးတော့ ဒီတစ်ခါတော့ Thomas မှာ အစီအစဉ်တစ်ခုရှိနေပါတယ်။ သောမတ်စ်ဟာ သူရဲ့ ဖိနပ်များကို ချွတ်လိုက်ရာ မနေ့ညက တောက်ပြောင်နေတဲ့ အသွင်အပြင်‌ေကာင်‌ေလးကို မြင်လိုက်ရတဲ့ လမ်းကြောင်းအတိုင်း ထွက်လာခဲ့ပါတယ်။ မကြာမီ သူဟာ နက်နဲတဲ့ လျှိုမြောင်တစ်ခုကုိမြင်ခဲ့ရပြီး လှမ်းကြည့်လိုက်ရာ လျှိုပေါက်ထဲမှာ စုတ်ပြဲနေတဲ့ ကျောပိုးအိတ်နှင့် ရှေးဖိနပ်တစ်ရံကို သူတွေ့လိုက်ရပါတယ်။ သူတို့ကို လျှို့ဝှက်ဆန်းကြယ်စွာ ကူညီ‌ေနသူဟာ တစ်ချိန်လုံး ပျောက်ဆုံးသွားတဲ့ စခန်းချသမားတစ်‌ေယာက်ရဲ့ တစ္ဆေဖြစ်နေခဲ့ပါတယ်။

သတင်းအရင်းမြစ်: Rvc outdoor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။