Jon Brower Minnoch ဟာ ဝါရှင်တန်ပြည်နယ်မှ လူတွေရဲ့ ချီးကျူးခြင်းကုိ ထိုက်ထိုက်တန်တန် ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက် 12 နှစ်အရွယ်တွင် သူဟာ 298 ပေါင် (135 ကီလိုဂရမ်) အလေးချိန်ရှိသူတစ်ေယာက်ပါ။ သူရဲ့ကိုယ်အလေးချိန်ဟာ 1978 ခုနှစ်တွင် ပေါင် 1,400 (635 ကီလိုဂရမ်) အမြင့်ဆုံးအလေးချိန်သို့ရောက်ရှိတဲ့အထိ တဖြည်းဖြည်း ဝိတ်တက်လာပါတယ်။
မတ်လတွင် သူဟာ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုကို ခံစားခဲ့ရပြီး သူ့ကို Seattle ရှိ တက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ရန် မီးသတ်သမား ၁၂ ဦးတောင် လိုအပ်ခဲ့ပါတယ်။ ထိုနေရာသို့ရောက်သည်နှင့် သူဟာ ကြီးမားတဲ့ ဖောရောင်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆရာဝန်ဟာ သူခန္ဓာကုိယ်ထဲမှာအရည်များ ပေါင် 400 (ကီလိုဂရမ် 900) ရှိကြောင်း ခန့်မှန်းခဲ့ပါတယ်။
သူဟာ နှစ်နှစ်ကြာအောင် ဆေးရုံတွင် နေခဲ့ရပြီး ကုတင်နှစ်ထပ်ပေါ်တွင် လဲလျောင်းနေခဲ့ရပါတယ်။ သူ့ကို လှိမ့်ဖို့ လူ ၁၃ ယောက်တောင် လိုအပ်ပါတယ်။ အဲ့နောက် သူဟာ တစ်နေ့ကို ကယ်လိုရီ 1,200 ရှိတဲ့ အစားအသောက်ကို စားသုံးခဲ့ပြီး 1980 ခုနှစ်တွင် ဆေးရုံမှဆင်းလာသောအခါတွင် စံချိန်တင် အကြီးမားဆုံး ကိုယ်အလေးချိန် 924 ပေါင် (419 ကီလိုဂရမ်) ဆုံးရှုံးခဲ့ပါတယ်။ သူ့လိုလူတောင်မှ ဝိတ်ချနိုင်သေးတာမို့ သင့်လည်း ဝိတ်ချနိုင်မှာပါ။
သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။