ဓားထိုးခံရတာက ပျော်စရာကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ခေါင်းကို ဓားနဲ့ထိုးခံရရင်‌ေပါ့။ ဆိုလိုသည်မှာ သင်ဟာ သေရမည် သို့မဟုတ် ဦးနှောက်ပျက်စီးမှု အများအပြားကို ခံစားရမှာဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်တွင် မိုက်ကယ်ဟေးလ်အမည်ရှိ အမေရိကန်အမျိုးသားတစ်ဦးဟာ အရှည် ရှစ်လက်မရှိတဲ့ ဓားဖြင့် ဦးနှောက်အတွင်း ဓားထိုးခံရပေမယ့် ကံကောင်းစွာ အသက်ရှင်ခဲ့ကာ ဧပြီလ 25 ရက်၊ 1998 တွင် ထင်ရှားခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်ရှိ နေအိမ်တွင် ဟေးလ်က တံခါးလာ‌ေခါက်တဲ့သူကို ဖြေကြားခဲ့ပြီး‌ေနာက် အမည်မသိလူတစ်ဦးက သူဦးခေါင်းခွံကို ဓားဖြင့်ထိုးခဲ့ပါတယ်။ ထို့နောက် အခြားသူငယ်ချင်းအိမ်သို့ လမ်းလျှောက်လာခဲ့ပြီး လေးနာရီကြာပြီးနောက်မှ ဓားကို ဖယ်ရှားခဲ့ပါတယ်။ ဟေးလ်ဟာ ခေါင်းထဲပိုးမ၀င်ခဲ့ပေမယ့် ဓားထိုးခံရတဲ့ဒဏ်ကြောင့် ဘယ်ဘက်လက်က လှုပ်မရတော့ပဲ သတိလစ်မြောနေခဲ့ပါတယ်။ အဲ့နောက် ခုနစ်ရက်အတွင်း သတိပြန်လည်လာကာ လုပ်ဆောင်မှုအားလုံးကို ပြန်လည်ရရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးကျတော့ သူအသက်ရှင်နေသမျှ ရံဖန်ရံခါ ခေါင်းကိုက်နေပြီး တက်ခြင်းကို ကာကွယ်ရန် ဆေးလိုအပ်နေပြီဖြစ်ပါတယ်။

Hill က နောက်ပိုင်းမှာ “ကျွန်တော် နာကျင်မှုကို အစပိုင်းမှာ မခံစားရဘဲ ဆေးရုံရောက်မှပဲ မျက်လုံးတွေ ပြူးထွက်နေသလို ခံစားခဲ့ရတယ်။ အခု ငါ့ထက် ပိုဆိုးတဲ့လူတွေကို ငါသိနေပြီဆိုတော့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ ထင်ပါတယ်။" လက်ရှိတွင် သူဟာ လူသားဦးခေါင်းခွံမှ အကြီးဆုံးအရာဝတ္ထုကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ပြီး မည်သူမျှ မလုပ်ရဲ မလုပ်နိုင်တဲ့ စံချိန်တစ်ခုပါပဲ။ ဓါးဟာ ဦးနှောက်အရင်းအနီးရှိ ဦးခေါင်းခွံအတွင်းသို့ အလွန်နက်ရှိုင်းစွာ ထိုးကျသွားခဲ့တာပါ။ တချို့လူတွေကတော့ Phineas Gage ဟာ နည်းပညာအရ အချင်း 3.2 စင်တီမီတာရှိပြီး 1.1 မီတာရှည်တဲ့ သံမဏိတုတ် ထိုးစိုက်ခံရတာကြောင့် ယမ်းမှုန့်အချို့ဖြင့် သူရဲ့ဦးနှောက်မှ ဖယ်ရှားခဲ့ကြောင်း ‌Michael Hill နဲ့ ငြင်းဆိုလေ့ရှိပါတယ်။

သတင်းအရင်းမြစ်: Psychology Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။