ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် Idiot Music band ရဲ့ အဖွဲ့ဝင် အဆိုတော်ရေမွန် ဆုံးပါးသွားတာ ၈ လပြည့်သွားခဲ့တဲ့ နေ့လေးပဲဖြစ်ပါတယ်။ ဂီတပါရီမီပြည့်ဝလွန်းတဲ့ အဖိုးတန် လူသားတစ်ယောက် ကြွေလွင့်သွားခဲ့ရတဲ့အတွက် ပရိသတ်တွေက အမြဲ သတိတရရှိနေခဲ့ပါတယ်။

Google
Google

မိခင်ဖြစ်သူ အဆိုတော် ဒေါ်ခင်မြတ်မွန်ဟာဆိုရင်လည်း သားဖြစ်သူ တွက်ပီကို အမြဲတမ်း အောက်မေ့သတိရနေခဲ့တာပါ။ အဆိုတော်ရေမွန် ကွယ်လွန်သွားခဲ့တဲ့ ၈ လပြည့်နေ့လေးမှာလည်း မိခင်ကြီးက သားဖြစ်သူလေးအတွက် ကုသိုလ်ကောင်းမှု အလှူလေးတွေ ပြုလုပ်ပေးခဲ့တဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရေးတင်ထားပါတယ်။

Google

“ဒီနေ့ (23.2.22) မှာ

တွတ်ပီလေး ဆုံးပါးခဲ့တာ(၈)လတင်းတင်း

ပြည့်ပါပြီ.

တွတ်ပီအတွက်ရည်စူးပြီး

နေအိမ်ရှိ မြတ်ဘုရားရှင်အား

ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီး၊သစ်သီး၊နွားနို့

ဆွမ်းများ ကပ်လှူပူဇော်ခဲ့ပါတယ်

ပြုသမျှကုသိုလ် အားလုံးအား

အမျှပေးဝေပါတယ်..

Google
Google

တွတ်ပီလဲ မြင့်မြတ်ကောင်းမွန်သော

ဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပြီး

အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ..

ချစ်တယ်၊လွမ်းတယ် တွတ်ပီရေ..

ဘယ်တော့မှမမေ့ဘူး

တွေးမိတိုင်း၊သတိရတိုင်း

ရင်တွေကွဲရ၊နာရလွန်းလို့

သက်သာရာရအောင်..

တစ်ခါတစ်လေ ကြိုးစားပြီး

မေ့ထားရတယ်..(စက္ကန့်ပိုင်းလောက်ပါဘဲ)

ခွင့်လွှတ်ပါ..?❤️?”

Google
Google

ချစ်ရပါသောမိခင်ရဲ့ ကောင်းမှုကုသိုလ်လေးတွေကြောင့် အဆိုတော် တွက်ပီလည်း ကောင်းမွန်တဲ့ ဘုံဘဝမှာရောက်ရှိနေမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေရင်း ရုတ်တရက်ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။