Trapp မိသားစုကတော့ သင့်အနေနဲ့ မော့ကြည့်ရမယ့် မိသားစုတစ်စုဆိုလည်း မမှားပါဘူး။ မိသားစုထဲမှာ Adam Trapp ဟာ အငယ်ဆုံးသားဖြစ်သလို အရပ်အရှည်ဆုံးသားဆိုလည်း မမှားပါဘူး။ သူရဲ့အရပ်ဟာ ၇ပေနဲ့ ၄လက်မရှိပြီး အခန်းထဲမှာအရပ်အရှည်ဆုံးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဒီအရပ်ကြောင့် လူချစ်လူခင်ပေါများပြီး မိတ်ဆွေအသစ်တွေလဲရရှိကြောင်း ပြောပြခဲ့ပြီး သူ့ရဲ့အသက်ကတော့ ၂၂ နှစ်သာရှိပါသေးတယ်။ သူ့ရဲ့အစ်မဖြစ်သူ Savanna Trapp-Blanchfield ကတော့ အသက် ၂၇ နှစ်ရှိပြီ အရပ်ကတော့ ၆ပေနဲ့ ၈လက်မခွဲရှိပါတယ်။ သူတို့မိသားစုဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကမှ ကမ္ဘာ့အရပ်အရှည်ဆံုးမိသာစုအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ ၂၀၂၀ ခုနှစ်တုန်းက ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့ဖူးကြပါသေးတယ်။ အဲ့ဒီအချိန်ကတည်းက သူတို့မိသားစုရဲ့ ပုံမှန်အရပ်ဟာ ၆ပေနဲ့ ၈လက်မဖြစ်ပါတယ်။ ဒါပေမယ့် အမေဖြစ်သူ Krissy Trapp ကတော့ ၆ပေနဲ့ ၃လက်မသာရှိပါတယ်။ သူတို့မိသားစုဟာ အရပ်အရှည်ဆံုး မိသားစုအဖြစ် ကမ္ဘာ့စံချိန်ကိုအတည်ပြုဖို့အတွက် တစ်နှစ်ကျော်လောက်တောင် စောင့်ခဲ့ရပါတယ်။ မိသားစုထဲမှာ အလတ်ဖြစ်သလို အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Molly Steede ကတော့ ၆ပေနဲ့ ၆လက်မရှိပါတယ်။ သူမကတော့ ကျောင်းရဲ့ ဘော်လီဘော အသင်းမှာ ပါ၀င်သူတစ်‌ေယာက်ဖြစ်ပြီး Basketball မှာလည်း Scholarship ရထားသူဖြစ်ကာ ဆေးကျောင်းသူဘ၀ကနေအနားယူထားသူဖြစ်ပါတယ်။

သူတို့ရဲ့အဖေဖြစ်သူ Scott ကတော့ အရပ် ၆ ပေနဲ့ ၈လက်မ ရှိပါတယ်။ အဖေဖြစ်သူကတော့ သူတို့ရဲ့အိပ်က မျက်နှာကျက်မှာရှိသမျှ ပန်ကာတွေကိုတောင် ကလေးတွေအရပ်မလွှတ်မှာ စိုးရိမ်သဖြင့် အ‌ကုန်ဖြုတ်ထားရပါတယ်။ Steede ရဲ့ယောက်ျားဖြစ်သူ Dalton ကတော့ ၆ပေနဲ့ ၉လက်မရှိပါတယ်။ Steede ကလည်းတစ်နေ့မှာ သူမရဲ့မိသားစုကို ယခုလိုပဲအရပ်အရှည်ဆုံးမိသားစုဖြစ်ချင်ကြောင်း ပြောပြခဲ့ပါတယ်။ သူတို့မိသားစုဟာ အရပ်အရှည်ဆုံးဆိုပြီး ထူးခြားတဲ့ဘ၀ကို ပိုင်ဆိုင်ထားသူတွေတော့မဟုတ်ပါဘူး။ Scott ဟာ Duluth မြို့အတွက် အလုပ်လုပ်ပြီး Krissy ကတော့ သူနာပြုအဖြစ်လုပ်ကိုင်ပါတယ်။ Savanna ကတော့ လူမှု၀န်ဆောင်မှုအလုပ်လုပ်ကိုင်ကာ Adam ကတော့ မေလမှာ ဇီဝဆေးဝါးအင်ဂျင်နီယာဘွဲ့ရတော့မယ့် ကျောင်းသားဖြစ်ပါတယ်။ သူတို့ကတော့ ကမ္ဘာ့အရပ်အရှည်ဆုံးမိသားစုပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Duluth News Tribune

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။