အသက် ခုနစ်နှစ်အရွယ် ဂျော်နီဟာ သူ့အဖိုးရဲ့ လယ်ယာအိမ်တွင် အချိန်ဖြုန်းခြင်းကို နှစ်သက်ပါတယ်။ အိမ်ရှေ့က လယ်ကွင်းကျယ်ကြီး၊ စပါးကျီ၊ အိမ်ဘေးမှာ သိုး‌ေတွနဲ့ စာခြောက်ရုပ်တွေပါတဲ့ နေရာတစ်ခုရှိပါတယ်။ ဂျော်နီဟာ စာခြောက်ရုပ်ကို ချစ်သူတစ်‌ေယာက်ဖြစ်ပါတယ်။ သူက ပြုံးပြီး Fluffy လို့ နာမည်ပေးထားပါတယ်။ Little Johnny ဟာ သိုးခြံဝင်းတွင် အချိန်ဖြုန်းခြင်းကို နှစ်သက်ပြီး လယ်ကွင်းအိမ်မှာ ဘဝက ပျော်စရာကောင်းပါတယ်။

တစ်ညနေတွင် ဂျော်နီဟာ Choctawatchee ပင်လယ်အော်ဘေးတွင် စက်ဘီးစီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိုးကုပ်စက်ဝိုင်းမှ တိမ်များဟာ မိုးကြိုးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားတာကို သူ မသိလိုက်ဘဲ အလုပ်များနေခဲ့ပါတယ်။ မိုးက စတင်ရွာသွန်းလိုက်ချိန်မှာ‌ေတာ့ ဂျော်နီက လမ်းကို မမြင်နိုင်‌ေတာ့ပါဘူး။ "ငါဘယ်မှာလဲ?" ဆိုပြီး ဂျော်နီ‌ေတွး‌ေနပါတယ်။ သူ့စိတ်ရှုပ်ထွေးမှုတွေက ကြောက်စိတ်တွေဖြစ်လာပြီး ငိုပါတော့တယ်။ ရုတ်​တရက်​ သူ့ပခုံး​ပေါ် လက်​တစ်​ခုကို ခံခံစားလိုက်ရပါတယ်။ ဂျော်နီ လှည့်ကြည့်လိုက်တော့ အရပ်ရှည်တဲ့လူတစ်‌ေယာက်ပါပဲ။ မိုးသည်းလွန်းသဖြင့် ဂျော်နီဟာ ထိုလူရဲ့မျက်နှာကို မမြင်နိုင်ဘဲ ခေါင်းပေါ်တွင် ဦးထုပ်ဆောင်းထားသူတစ်ဦးဖြစ်ကြောင်း‌ေတာ့ သူပြောနိုင်ပါတယ်။

"လမ်းပျောက်နေတာလား ကောင်ငယ်လေး?" ဆိုပြီး ထိုလူက ပြောပါတယ်။

"ဟုတ်ကဲ့ဆရာ၊ ပျောက်‌ေနလို့ပါ။"

“ကောင်းပြီ၊ မင်းနေရပ်ကို ပြန်တဲ့လမ်းကို ငါသိတယ်။ လာ၊” ထိုလူက ဂျော်နီရဲ့လက်ကို ကိုင်လိုက်ပြီး ဂျော်နီဟာ သူ့စက်ဘီးကို နောက်လက်တစ်ဖက်နဲ့ ဆွဲယူခဲ့ပါတယ်။

များမကြာမီ နှစ်ယောက်သား ဂျော်နီရဲ့ လယ်ယာအိမ်သို့ ရောက်လာပါတယ်။ ဂျော်နီက မိုးသည်းထန်စွာရွာသွန်းနေတဲ့ မြူမှိုင်းများကို ဖြတ်ပြီး မြင်နေရတဲ့နေရာကို သူ့အဘိုးအိမ်မှန်းသိကြောင်း ပြောပြခဲ့ပါတယ်။

"သွားတော့ ဂျော်နီ။ ဒါ မင်းနေရာပဲ မဟုတ်လား" လို့ ထိုလူက ပြောပါတယ်။

"ဟုတ်တယ်ဆရာ! ကျေးဇူးပါဆရာ!"

ထိုလူဟာ ခပ်ဝေးဝေးမှာ ရပ်နေချိန်တွင် ဂျော်နီဟာ ပင်မဝင်ပေါက်ဆီသို့ အမြန်သွားခဲ့ပါတယ်။ ဂျော်နီလည်း သူ့နောက်မှာ ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာတဲ့အခါတွင် လက်ထဲကဆွဲကုိင်လာတဲ့ သူ့စက်ဘီးက ပြုတ်ကျသွားပြီး ခလုတ်တိုက်လဲသွားပါတယ်။ လှည့်ကြည့်လိုက်တော့ သူဟာ ထိတ်လန့်သွားပါ‌ေတာ့တယ်။ အကြောင်းမှာ စောနကပစ်လိုက်တဲ့ လျှပ်စီးဟာ ထိုလူအပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်စွဲနေခဲ့လို့ပါ။ အဲ့နောက် မိုးရေတွေလည်း အငွေ့ပျံနေခဲ့သလို ထိုလူလည်း လဲမကျခင် တဝဲလည်လည် ဖြစ်နေပါတယ်။ ဂျော်နီလည်း အသံကျယ်လောင်စွာနဲ့ ထအော်မိလိုက်ပါတယ်။ အသံကိုကြားတဲ့ သူ့အဘိုးကလည်း အိမ်အပြင်ကို ပြေးထွက်ပြီး ဂျော်နီကို အိမ်ထဲ ဆွဲ‌ေခါ်လိုက်ပါတယ်။

နောက်နေ့မနက်မှာ တောက်ပပြီး နေသာ‌‌ေနခဲ့ပါတယ်။ အဲ့နောက် တစ်မိသားစုတစ်စုလုံး ပျက်စီးဆုံးရှုံးမှုများကို သိမ်းဆည်းရန် ထွက်ခွာခဲ့ကြပါတယ်။ သိုးများဟာ စပါးကျီတွင် လုံခြုံ‌နေသလို ဂျော်နီရဲ့စက်ဘီးကလည်း ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သိုးခြံကတော့ ပျက်စီးသွားပါတယ်။ အဲ့နောက် မြေကြီးပေါ်မှာ လျှပ်စီးကြောင်း အမှတ်အသားရှိ‌ေန‌ပေမယ့်လည်း လူရဲ့အရိပ်အယောင်တော့ မတွေ့ရပါဘူး။ ဂျော်နီက ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ အဖိုးအို ငိုသံကို ကြားလိုက်ရပါတယ်။ ဂျော်နီလည်း မြေပြင်ပေါ်ရှိ တစ်ခုခုကို စိုက်ကြည့်နေခဲ့တဲ့ အဘိုးထံဆီ အပြေးအလွှား သွားလိုက်ပါတယ်။ ဂျော်နီလည်း အဘိုကြည့်တာကို လိုက်ကြည့်ပါတယ်။ အဲ့နောက် မြေကြီးပေါ်မှာ Fluffy ဖြစ်နေကာ သူ့ရဲ့ အစိတ်အပိုင်းများဟာ အနက်ရောင်ဖြစ်နေပြီး လျှပ်စီးကြောင်းတစ်ခုခုကြောင့် မီးလောင်သွားသလိုပါပဲ။

သတင်းအရင်းမြစ်: Rvc outdoor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။