နေရာဒေသအသီးသီးက ကလေးငယ်လေးတွေကို မိမိရဲ့ ရင်သွေးလေးများသဖွယ် ခေါ်ယူမွေးစားနေတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အခုတစ်ခေါက်မှာလည်း သမီးလေးငယ်လေး တစ်ဦးကို မွေးစားပေးလိုက်ပြန်ပါပြီ။

Khine Hnin Wai's Facebook

သမီးငယ်လေးကို လူသူကင်းမဲ့တဲ့ အမြန်လမ်း  (၁၁၃) မိုင် လမ်းမကြီးဘေးမှာ ဒီကနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သမီးငယ်လေးကို “Happy” လူမှုထောက်ကူပြု ပရဟိတ အသင်းကြီးက တွေ့ရှိခဲ့ကာ ခိုင်နှင်းဝေဆီကို ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ကြောင်း ခိုင်နှင်းဝေမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုပြောထားပါတယ်။

Khine Hnin Wai's Facebook

“အမြန်လမ်း (၁၁၃) မိုင်လမ်းမကြီးဘေးမှာ ရက်သားသမီးငယ်လေး တစ်ဦးကို စွန့်ပစ်သွားကြောင်း "HAPPY " လူမှုထောက်ကူပြု ပရဟိတအသင်းကြီးမှ ဆက်သွယ်အကြောင်းကြားလာပါတယ်ရှင်..ခေါ်ယူစောင့်ရှောက်ဘို့ လက်ခံပြီး လိုအပ်တာများ ဆက်လက် လုပ်ဆောင်ထားပါတယ်ရှင်..???…”

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

လူသူကင်းမဲ့တဲ့ အမြန်လမ်းမကြီးဘေးမှာ အစွန့်ပစ်ခံရတဲ့ သမီးလေးက မွေးကာစ နီတာရဲလေးဖြစ်တာကြောင့် လူသာမတွေ့ဘူးဆိုရင် ကလေးလေးဘဝက တကယ်ကို မတွေးရဲစရာပါပဲ။

Khine Hnin Wai's Facebook

ကယ်ဆယ်ပေးမယ့် လူတွေနဲ့တွေ့လို့ သမီးလေး ဘဝလေး ကံကောင်းခဲ့ရှာတယ်ပြောရမှာပါ။ မေမေခိုင်နှင်းဝေရဲ့ မေတ္တာရိပ်အောက်မှာ ကံကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပြီး ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်လေးရှိဖို့ ဆုတောင်းပေးလိုက်ပါတယ်နော် .. သမီးလေးရေ ။

Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။