ဘောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Shibani Dandekar နဲ့ Farhan Akhtar တို့စုံတွဲလေးဟာ လက်ထပ်ပြီးစီးသွားပြီဖြစ်တဲ့အကြောင်းကို ဓာတ်ပုံလေးတွေနဲ့တကွ ဝေမျှလာခဲ့ပါတယ်။ သူတို့ စုံတွဲနှစ်ဦးက မင်္ဂလာပွဲဓာတ်ပုံတွေကို လက်ထပ်တဲ့နေ့မှာ တင်ခဲ့ကြတာမဟုတ်ဘဲ လက်ထပ်ပြီး ရက်အနည်းငယ်အကြာမှ တင်ထားခဲ့တာဖြစ်ပါတယ်။ လက်ထပ်တဲ့ရက်ကိုလည်း ဘယ်အချိန်မှာ လက်ထပ်ခဲ့ကြလဲဆိုတာကို တရားဝင်ကြေညာထားခြင်းမရှိပါဘူး။

Instagram
Instagram
Instagram

Shibani Dandekar နဲ့ Farhan Akhtar တို့နှစ်ဦးဟာ လက်ထပ်ပွဲကို ခင်မင်ရတဲ့မိတ်ဆွေတွေ မိသားစုဝင်တွေနဲ့သာ အကျဉ်းချုံးကျင်းပခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲဓာတ်ပုံလေးတွေကို ဝေမျှရင်း Farhan Akhtar တစ်ယောက် အခုလိုလေးလည်း ပြောထားပါသေးတယ်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က Shibani နဲ့ ကျွန်တော့်ရဲ့ မင်္ဂလာပွဲလေးကျင်းပခဲ့ပါတယ်။ အဲဒီနေ့လေးမှာ သိုသိုသိပ်သိပ်နဲ့ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းလေးကို လျို့ဝှက်ထားပေးခဲ့တဲ့ တတ်ရောက်လာပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မင်္ဂလာပွဲအခန်းအနားကို အားလုံးနဲ့မဝေမျှရင် မပြည့်စုံဘူးလေ။ ဒါကြောင့် မင်္ဂလာပွဲဓာတ်ပုံလေးတွေကို အားလုံး ကြည့်လို့ရအောင်ဝေမျှပေးလိုက်ပါတယ်။ ပရိသတ်ကြီးကို ချစ်ခြင်းမေတ္တာတွေပို့ပေးလိုက်ပါတယ်။”

Instagram

ဘောလိဝုဒ်နာမည်ကျော်စုံတွဲဖြစ်တဲ့ Farhan Akhtar နဲ့ Shibani Dandekar တို့ဟာ ၂၀၁၈ ခုနှစ်မှာစတင်ပြီးတွဲခဲ့ကြတာဖြစ်ပါတယ်။ ဘောလိဝုဒ်မင်းသားကြီး Farhan Akhtar ကတော့ ပထမတစ်ကြိမ် လက်ထပ်ထားဖူးတဲ့သူဖြစ်ပြီး သူ့ဆီမှာ သမီး နှစ်ယောက်ရှိထားပါတယ်။ အခုတစ်ခေါက် Shibani နဲ့က ဒုတိယမြောက်အိမ်ထောင်ဖြစ်ပါတယ်။

Instagram
Instagram

Farhan Akhtar နဲ့ Shibani Dandekar တို့နှစ်ဦးက ပြီးခဲ့တဲ့ စနေနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ Khandala မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြီးညနေခင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ပွဲအခန်းအနားကိုလည်း ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်း မိသားစုဝင်တွေနဲ့သာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာဇနီးမောင်နှံရဲ့ ဓာတ်ပုံလေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။