ဆိုရှယ်မီဒီယာပေါ်မှာ Leopard အမဲလိုက်တိရစ္ဆာန်များရဲ့ ဗီဒီယိုများစွာကို တွေ့မြင်တက်ရပါတယ်။ ယခုအခါမှာတော့ Leopard ရဲ့ ရယ်မောဖွယ်ဗီဒီယိုဟာ သင့်ကိုပြုံပျော်စေနိုင်ပါလိမ့်မယ်။ ဒီဗီဒီယိုမှာ ကျားသစ်တစ်ကောင်က သစ်ပင်ပေါ်မှာ မျောက်တစ်ကောင်ကိုတွေ့ပြီး အမဲလိုက်ဖို့ သစ်ပင်ပေါ်တက်သွားတာကို မြင်တွေ့ရပြီး မျောက်တွေက ဘယ်လောက်သွက်လက်တယ်ဆိုတာ သိနိုင်ပါတယ်။

ကျားသစ်ဟာ မျောက်ထံသို့ ရောက်ရှိလာတာနဲ့ တပြိုင်နက် မျောက်ဟာ သစ်ပင်ရဲ့ ဒုတိယအကိုင်းပေါ်သို့ ခုန်တက်ကာ ကျားသစ်လည်း အခြားအကိုင်းအခက်ဆီသို့ ရောက်သွားတဲ့အခါ မျောက်ကလည်း တစ်ဖက်သို့ ခုန်တက်သွားပါတယ်။ Leopard နဲ့ Monkey ဗီဒီယိုကိုကြည့်လိုက်ရင် နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် ဆော့နေကြပုံပါပဲ။ ဒီရယ်စရာကောင်းတဲ့ဗီဒီယိုကို 'ROAR WILDLY' YouTube ချန်နယ်တွင် မျှဝေထားပြီး ယခုအချိန်အထိ ကြည့်ရှုသူ 5.7 သန်းအထိ ရရှိထားသည်။

ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ဒီဗီဒီယိုကိုကြည့်ရှုပြီးနောက် သူတို့ရဲ့ မတူညီတဲ့ တုံ့ပြန်မှုများကို ပေးကြပါတယ်။ အသုံးပြုသူတစ်ဦးက " မျောက် : ငါဒီနေ့တစ်နေ့လုံးလုပ်နိုင်တယ်...ငါ့အသက်ကိုကယ်ဖို့လိုတယ်" လို့ရေးသားခဲ့ပြီး အခြားအသုံးပြုသူတစ်ဦးက "မျောက်က အကောင်းဆုံးကြိုးစား ခုန်နေတာပါ..... ဘုရားသခင်ပေးထားတဲ့ ပါရမီပဲ" လို့ရေးသားခဲ့ပါတယ်။ အောက်မှာတော့ ကျားသစ်ကိုကစားခဲ့တဲ့ မျောက်ရဲ့ရုပ်သံကို တွေ့မြင်နိုင်ပါတယ်။

သတင်းအရင်းမြစ်: Update Fever

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။