ကမ္ဘာအနှံ့အပြားက PUBG Mobile ကစားသူသန်းပေါင်းများစွာထဲမှာ ဂိမ်းကိုမျှမျှတတဆော့ကစားကြသူတွေများပေမဲ့ မသမာတဲ့ကစားသူတွေလည်းအများကြီးရှိပါတယ်။အဲ့ကစားသူတွေကနည်းမျိုးစုံနဲ့ ဂိမ်းကိုဟက်ခ်ပြီး၊ညစ်ပြီးကစားကြတဲ့အပြင် တချို့ဆိုရင်ဆိုးဆိုးရွားရွားပဲ တိုက်ရိုက် live လွှင့်နေရင်းတန်းလန်းနဲ့ကို ဂိမ်းကိုဟက်ခ်ဆော့ပြကြတာပါ။အဲ့လိုအခြေအနေတွေကိုထိန်းသိမ်းဖို့အတွက် PUBG ဖက်‌က ဟက်ခ်ပြီးဆော့ပြတဲ့၊ဟက်ခ်နည်းတွေချပြနေတဲ့ YouTube Channel တွေကိုတင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ စကြပ်တော့မှာပါ။

Photo credit

ဂိမ်းကိုတရားမျှတပြီးဆော့ရတာကောင်းမွန်စေဖို့ ထုတ်လုပ်သူတွေက ဟက်ခ်ကာတွေကိုခဏခဏ ဂိမ်းထဲကနေဘန်းပစ်နေပါတယ်။အခုတော့ YouTube ပေါ်မှာဟက်ခ်နည်းတွေပါတဲ့ ဗွီဒီယိုတွေတင်ရင် Channel ကိုအလိုအလျောက်ဘန်းပစ်မဲ့စနစ်ထိကိုခြေလှမ်းလာပါပြီ။ဒါပေမဲ့ဟက်ခ်ကာတွေတင်တဲ့ ဗွီဒီယိုတွေကများလွန်းတာကြောင့်ပြဿနာတွေအားလုံးတစ်ခါတည်းရှင်းသွားမှာတော့မဟုတ်ပါဘူး။

Screenshot on YouTube

ဂိမ်းကစားသူပေါင်းများစွာဟာသူတို့ရဲ့စကေးတွေကိုချပြဖို့ YouTube ပေါ်မှာ Live လွှင့်ပြီးဂိမ်းကစားပြကြပါတယ်။အစပိုင်းမှာဂိမ်းထဲက Tip and trick တွေကိုပဲတင်ကြပေမဲ့နောက်ပိုင်းမှာတော့ ဟက်ခ်နည်းဗွီဒီယိုတွေကိုတင်လာကြတာပါ။တကယ်လို့ဟက်ခ်နည်းတင်တဲ့ Channel က Subscriber ၁၀၀၀ အောက်နည်းပြီး ကြည့်ရှူနှုန်း ၁၀၀၀၀ အောက်နည်းရင်ချက်ချင်းဘန်းမှာဖြစ်တယ်လို့ PUBG ရဲ့ တရားဝင် Discord ကနေကြေညာခဲ့ပါတယ်။

PUBG Mobile ကိုဟက်ခ်ထားပြီးမြင်ရပုံ

PUBG Mobile ရဲ့ဒီတစ်ခေါက်အရွှေ့ကလည်း ဟက်ခ်ကာတွေနဲ့ရင်ဆိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဟက်ခ်ကာပြဿနာ‌ကတော့ လုံးဝအရှင်းပျောက်သွားတာမဟုတ်ပေမဲ့ တော်တော်လေးတော့ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာကတော့သေချာပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။