လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူတိုင်းရဲ့ For You စာမျက်နှာတွင် စတင်ပေါ်လာတဲ့ Video တစ်ခုဟာ TikTok အသုံးပြုသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုတွင် ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ပြုစုကုသခံနေရတဲ့ ဘုန်းကြီးတစ်ပါးကို ပြသထားပြီး သူ့ရဲ့ အသွင်အပြင်မှာ အလွန်ပျော့ပျောင်းနေသဖြင့် သူ့ရဲ့ အသက်အရွယ်နှင့် ပတ်သက်ပြီး လူအများ ပြောဆိုနေကြခြင်းဖြစ်ပါတယ်။

အချို့သော ကောလဟာလများက သူဟာ အသက် 163 နှစ်ရှိပြီဖြစ်ပြီး ဂျပန်ဗုဒ္ဓဘာသာဘုန်းကြီးများကြားတွင် ရေပန်းစားတဲ့ မိမိကိုယ်ကို မံမီပြုလုပ်တဲ့နည်းလမ်းကို ကျင့်သုံးတယ်ဟု အခိုင်အမာဆိုကြပါတယ်။

ဘုန်းကြီးလို့ ယူဆရတဲ့ သူဟာ အင်တာနက်အသံုးပြုသူ‌‌ေတွကို စွဲလန်းစေခဲ့ပြီး ဒီကလစ်တွေကို ရိုက်ကူးတဲ့ သူ့ရဲ့မြေးမလေးဟာ TikTok မှာ Follower 530,000 ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ပတ်သက်တဲ့ အခိုင်အမာပြောဆိုမှုတွေအတွက် အမှန်တရားတစ်ခုရှိသလား ဒါမှမဟုတ် သူ့ကိုယ်သူ မံမီအဖြစ်လေ့ကျင့်နေခဲ့တာလား။

အသက် 163 နှစ်အရွယ် ဘုန်းကြီးနဲ့ ပတ်သက်ပြီး TikTok မှာ ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေဟာ တကယ်တော့ မမှန်ပါဘူး။ ကလစ်ပါရှိတဲ့ သူဟာ အသက် ၁၆၃ နှစ်မဟုတ်‌ေပမယ့်လည်း သူဟာ အသက် ၁၀၉ နှစ်ရှိ ထိုင်းလူမျိုးဘုန်းကြီး Luang Pho Yai ဖြစ်သည် ဟု အချက်အလက်စစ်ဆေးသူ Snopes က ဆိုပါတယ်။

သူဟာ ထိုင်းနိုင်ငံတွင် အမှန်တကယ် ဘုန်းကြီးတစ်ပါးဖြစ်ပုံရပြီး၊ Sokushinbutsu လို့ခေါ်တဲ့ ကိုယ်တိုင်မံမီပြုလုပ်ခြင်းနည်းလမ်းကို ကျင့်သုံးပုံမပေါ်ပါဘူး။ အကောင့်ရှိ အစောဆုံးဗီဒီယိုများဟာ 2021 ခုနှစ် နိုဝင်ဘာလဝန်းကျင်က အိမ်တွင် သူ့ကို ပြသပါတယ်။ သို့သော် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တင်ပါးအရိုးကျိုးပြီးနောက် ထိုင်းနိုင်ငံ ဒန်ခွန်ဆောင်ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပြီး Auyary ဟာ အဘိုးဖြစ်သူရဲ့ ကျန်းမာရေးနှင့်ပတ်သက်တဲ့ အပ်ဒိတ်ဗီဒီယိုများဟာ အကြိမ်ရေ သန်းနှင့်ချီပြီး ကြည့်ရှုခြင်းခံခဲ့ရပါတယ်။

သတင်းအရင်းမြစ်: Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။