League of Legends,Valorant တို့နဲ့အတူမိုဘိုင်းဂိမ်းတွေဖြစ်တဲ့ Teamfight Tactics,League of Legends:Wild Rift တို့ကိုထုတ်လုပ်ပေးထားတဲ့ Riot Games ဟာသူတို့ရဲ့ အမှတ်တံဆိပ်အသစ် (၂၀၂၂ Edition)ကိုပြောင်းလဲသုံးစွဲတော့မယ်လို့သိရပါတယ်။အဲ့အပြင်အချက်အလက်တွေပိုထုတ်ပြန်နိုင်ဖို့ ဝက်ဆိုဒ်အသစ်တစ်ခုကိုလည်းထုတ်ပေးသွားမှာဖြစ်ပါတယ်။

Riot Games ရဲ့တံဆိပ်ဟောင်း (Photo via Riot Games)

တံဆိပ်အသစ်မှာ အရောင်ပေါင်းစပ်မူက အဖြူအမည်းပေါင်းစပ်မူကနေ အနီနဲ့အ‌ဖြူပေါင်းစပ်မူအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ပိုပြီးညီညွှတ်စေတဲ့ အမြင်စနစ်တစ်ခုရရှိစေမဲ့ရလဒ်တစ်ခုလို့တရားဝင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တံဆိပ်အသစ် (Photo via Riot Games)

ထုတ်ပြန်ချက်မှာ ဒီပြောင်းလဲမူတွေကြောင့်လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေပြောင်းလဲသွားမှာမဟုတ်ကြောင်း၊ကမ္ဘာပေါ်မှာကစားသူတွေကို ဂရုအစိုက်ဆုံးဂိမ်းကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်သွားပြီး ကိုယ်တိုင်ကလည်းပိုမိုကောင်းမွန်တဲ့ကစားသူတစ်ယောက်ဖြစ်အောင် ပြုလုပ်သွားမဲ့အကြောင်း၊ကုမ္ပဏီနှစ်နှစ်ဆယ်လောက်ရှိလာတာနဲ့အတူ Riot Games ရဲ့အမြင်ဒီဇိုင်းတွေကိုပြောင်းလဲပစ်ဖို့အချိန်တန်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Riot Games ရဲ့ဂိမ်းများ (Photo via Epic Store)

နောက်ထပ်အရေးကြီးတာကတော့ ပြန်ကြားရေးဝက်ဆိုဒ်ဖြစ်ပါတယ်။ီဒီယာတွေအသုံးပြုဖို့ သတင်းအသစ်တွေကို ဆိုဒ်အသစ်ကနေဖော်ပြသွားမှာပါ။အကောင့်တစ်ခုပြုလုပ်လိုက်ယုံနဲ့ ဂိမ်းနဲ့ပတ်သက်တဲ့ ဗွီဒီယိုတွေ၊အနုပညာလက်ရာတွေ၊ပုံတွေ၊စာမျက်နှာအမျိုးမျိုးတွေကိုတွေ့မြင်နိုင်မှာပါ။Riot Entertainment,Riot Forge, Executive bios တွေနဲ့တခြားအများကြီးပါဝင်ပါသေးတယ်။သတင်းအသစ်တွေနဲ့ ပြောင်းလဲမူတွေကိုအချိန်နဲ့တပြေးညီရယူနိုင်ဖို့ Sign Up လုပ်ထားနိုင်ကြောင်းကိုပါသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။